A d v e r t i s e m e n t With Us

ချဲလ်ဆီးက ဘန်လေကို ၃-၁ ဂိုးဖြင့် အနိုင်ရ

သြဂုတ် ၁၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ ချဲလ်ဆီးက တန်းတက်အသင်း ဘန်လေကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ b4d2413a-62b9-4be5-b7ea-fc1e08fe5287-620x372ပထမပိုင်း ၁၄ မိနစ်မှာ အိမ်ရှင် ဘန်လေအသင်းက အာဖီးလ်က သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ပထမဂိုးကို အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာက ၁၇ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယဂိုးကို ၂၁ မိနစ်မှာ ရှာရဲက သွင်းယူပြီး တတိယဂိုးကိုတော့ ၃၄ မိနစ်မှာ အီဗန်နိုဗစ်က သွင်းယူခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ အဝေးကွင်းဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ပွဲဦးထွက်မှာ ၃ မှတ်ရသွား ပါတယ်။

A d v e r t i s e m e n t With Us

More News
Up