အိန္ဒိယမြောက်ပိုင်း ရေလွှမ်း၊ ၂၈ ဦး သေဆုံးပြီး ဒေသခံထောင်ချီ အိုးအိမ်မဲ့ဖြစ်

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဟိမ၀န္တာဒေသမှာ မိုးကြီးပြီး ရေလွှမ်းနေလို့ ရွာပေါင်း ၁၅၀၀ နီးပါး ရေဘေးဒဏ်ခံနေရပါတယ်။ acapulcostorm_09162013_840_559_100ရေဘေးကြောင့် အနည်းဆုံး လူ ၂၈ ယောက် သေ ဆုံးပြီး ထောင်နဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အရာရှိတွေ က ပြောပါတယ်။ ဥတြာ ခန်းပြည် နယ်မှာ ရေကာတာတခု ကျိုးခဲ့အပြီး မိုးလေ၀သဌာနက သြဂုတ် ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရွာတွေ ရေလွှမ်းမိုးခံရမယ့်ဘေးကို သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရွာအတော်များများ ပြည်နယ်ရဲ့ တခြားအစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ရေး ပြတ်တောက်ပြီး လူ ၃ သောင်းလောက် ထွက်မပြေးနိုင်ဘဲ သောင်တင်ခဲ့ပါတယ်။ ဂူဂျာရတီနဲ့ အာသံပြည်နယ်တွေက ဗြဟ္မပုတ္တရမြစ်မှာ ရေကြောင်းသွားလာရေး ၀န်ဆောင်မှုတွေ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့က ရပ်ခဲ့ရပါတယ်။ ဥတြာခန်းပြည်နယ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် လမ်း ၈၂ ခု သုံးမရ ဖြစ်ခဲ့ပါတယ်။ လူနေသိပ်သည်းတဲ့ ဥတြာပရာဒေ့ရှ်ပြည်နယ်မှာလည်း ရပ်တီမြစ်က စိုးရိမ်ရေမှတ်အထက်ကို ရောက်နေပြီလို့ အရာရှိတယောက်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီနှစ်ဟာ ၅ နှစ်အတွင်း အဆိုးဆုံးပုံစံနဲ့ မုတ်သုံရာသီ စခဲ့ပြီး နိုင်ငံရဲ့ တခြားဒေသတွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် မိုးခေါင်မယ့်ဘေးကို စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up