အင်ဒိုနီးရှားတွင် စက်လှေနစ်မြုပ်၊ ၁၅ ဦးပျောက်ဆုံး

632
အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေကို တင်ထားတဲ့ စက်လှေတစင်း နစ်မြုပ်ခဲ့တဲ့အတွက် ၁၀ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေပါတယ်။
နိုင်ငံအရှေ့ပိုင်း ကျွန်း ၂ ကျွန်းကြား ခရီးသွားစဉ် လမ်းဝက်မှာ သြဂုတ် ၁၆ ရက်နေ့က နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ ကယ်တင်ခဲ့တဲ့ သူတွေကတော့ နယူးဇီလန် ၂ ဦး၊ စပိန် ၂ ဦးနဲ့ အင်္ဂလိပ်လူမျိုး ၁ ဦး ဖြစ်တယ် လို့ ပြောပါတယ်။
ကယ်ဆယ်ထားတဲ့ နောက်ထပ် ၅ ဦးနဲ့ ပျောက်နေတဲ့ ၁၀ ဦးဟာ ဘယ်နိုင်ငံသားတွေဆိုတာ သတင်းမထုတ်ပြန်သေးပါဘူး။
စက်လှေပေါ်မှာ အင်ဒိုနီးရှားလူမျိုး လှေသမား ၅ ဦးလည်း လိုက်ပါသွားပါတယ်။ လွမ်ဘွခ်ကျွန်းကနေ ကမ္ဘာ့လှည်ခရီးသွားတွေ အသွားများတဲ့ ကိုမိုဒိုကျွန်းဆီကို ၃ ရက်ခရီး ကြာပါတယ်။
ကမ္ဘာလှည့်ခရီးသွားအုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့မှာ လွမ်ဘွခ်ကျွန်းကနေ စထွက်ခဲ့ပြီး သြဂုတ် ၁၆ ရက်နေ့ ည ၇ နာရီမှာ နစ်မြုပ်ခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။
