တရုတ်တွင် ငလျင်လှုပ်၊ ထိခိုက်ဒဏ်ရာရမှုများ ရှိ

Photo: China Daily
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူတဒါဇင်ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ [caption id="attachment_62581" align="alignright" width="300"]Photo: China Daily Photo: China Daily[/caption] ပြင်းအား ၅ အဆင့်ရှိတဲ့ ငလျင်ဟာ ယွန်ဆန်း စီရင်စုနယ်မြေမှာ မနက် ၆ နာရီဝန်းကျင်က လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် အိမ်တွေ ပျက်စီးပြီး လူ ၁၉ ယောက် ကို ဆေးရုံတင် ထားရပြီး လူအယောက် ၁ ထောင်ကျော်ကို ကယ်ဆယ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီလ အစောပိုင်းကလည်း အနီးအနားက စီရင်စုမှာ ပြင်းအား ၆ ဒသမ ၅ ရှိတဲ့ ငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး အိမ်ပေါင်း ၈ သောင်းကျော် ပျက်စီးခဲ့ပါတယ်၊ သြဂုတ် ၁၇ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကို အနီးအနားက နယ်မြေတွေကလည်း သိသိသာသာ ခံစားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up