ပါကစ္စတန်အစိုးရ နုတ်ထွက်ပေးရန် ဆက်လက်ဆန္ဒပြတောင်းဆို

ပါကစ္စတန်နိုင်ငံ မြို့တော်မှာ အစိုးရနုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲအသစ်ကို တောင်းဆိုတဲ့ လူထောင်ပေါင်းများစွာ ဆက်ပြီးတော့ ဆန္ဒပြနေပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှာ စတင်တဲ့ ဆန္ဒပြပွဲနှစ်ခုထဲက တခုကို အတိုက်အခံ နိုင်ငံရေးသမား အင်ရန်ခမ်းက ခေါင်းဆောင်နေပြီး လူထုအပေါ် သြဇာကြီးတဲ့ ဘာသာရေးခေါင်းဆောင် တာဟာ ကာဒရီက နောက်ဆန္ဒပြပွဲတခုကို ခေါင်းဆောင်ပါတယ်။ Pakistanအခုဆန္ဒပြပွဲတွေဟာ ၁၅ လပဲ သက်တမ်းရှိသေးတဲ့ အရပ်သားအစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။ ဘာသာရေးခေါင်းဆောင် တာဟာ ကက်ဒရီ ခေါင်းဆောင်တဲ့ ဆန္ဒပြပွဲမှာ လူသောင်းချီ ပူးပေါင်းခံပါတယ်။ အစ္စလာမ္မာဘက်မြို့မှာ ဆန္ဒပြသမားသမားတွေကို မိန့်ခွန်းပြောရာမှာ ဘာသာရေးခေါင်းဆောင် ကက်ဒရီက အကြမ်းဖက်မှုတွေ မရှိဘဲ အပြောင်းအလဲကို လိုလားတယ်လို့ ပြောပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်အတွက်၊ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်တဲ့အထိ ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေနဲ့ ခပ်လှမ်းလှမ်းမှာပဲ အတိုက်အခံ နိုင်ငံရေးသမား အင်ရန်ခမ်း ခေါင်းဆောင်တဲ့ ထိုင်သပိတ်လည်း ဆက်ရှိနေပါတယ်။ ခရစ်ကက်အကျော်အမောဘ၀ကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ အင်ရန်ခမ်းကလည်း လက်ရှိ အစိုးရ နုတ်ထွက်ပေးပြီး ရွေးကေက်ပွဲအသစ်ကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။ အစိုးရအဖွဲ့ထဲက တချို့က လက်ရှိ ဆန္ဒပြပွဲတွေရဲ့ နောက်မှာ စစ်တပ်ထဲက အမာခံတချို့ ကျောထောက်နောက်ခံပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။ အခုလို မတည်ငြိမ်မှုတွေကြောင့် စစ်တပ်အာဏာကြီးထွားလာမှာကိုတော့ အစိုးရအရာရှိတွေက တွက်ဆထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up