အမေရိကန်နိုင်ငံ မစ်ဇူရီ ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

လူမည်းဆယ်ကျော်သတ်တယောက် အသတ်ခံရတာကို အကြောင်းပြုပြီး မငြိမ်မသက်ဖြစ်နေတဲ့ အမေရိကန် ပြည်ထောင်စု မစ်ဇူရီ ပြည်နယ်ထဲက ဖာဂူဆန်မြို့ ဆင်ခြေဖုံးမှာ အရေးပေါ် အခြေအနေကို သြဂုတ်လ ၁၆ ရက်နေ့ကစလို့ ကြေညာထားရပါတယ်။ imagesစိန့်လူဝစ်ဆင်ခြေဖုံမှာ လုယက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ၀ရုန်းသုန်းကား အခြေအနေကြောင့် ညသန်းခေါင်ကနေ မနက် ၅ နာရီအတွင်း ညမထွက်ရအမိန့်ကို မစ်ဇူရီပြည်နယ် အုပ်ချုပ်ရေးမှူးက ကြေညာလိုက်တာပါ။ သြဂုတ်လ ၉ ရက်နေ့မှာ လက်နက်မပါတဲ့ အသက် ၁၈ နှစ်အရွယ် မိုက်ဘယ် ဘရောင်းကို ရဲက သေနတ်နဲ့ပစ်ပြီး သေဆုံးခဲ့တဲ့နောက် အကြမ်းဖက်မှုတွေ ရက်ဆက်ပေါ်ပေါက်ခဲ့ပြီး ရဲက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။ ဝေဖန်သူတွေက သေနတ်ပစ်ခတ်မှုနဲ့ နောက်ပိုင်း အဓိကရုဏ်းတွေမှာ အသားအရောင်ပြဿနာဟာ အဓိက အခန်းက ပါဝင်တတယ်လို့ ဆိုပါတယ်။ တရားဝင်စာရင်းတွေအရ ဖာဂူဆန်မြို့မှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ လူမည်းတွေဖြစ်ပြီး မြို့မှာ ရဲအရာရှိ ၅၃ ယောက်ထဲမှာ သုံးယောက်ပဲ လူမည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို မညီမျှမှုကြောင့် ရဲတွေနဲ့ ဒေသခံတွေကြားမှာ မယုံကြည်မှုက ပြင်းထန်ပါတယ်။ လူမည်းဆယ်ကျော်သက်ကို ပစ်သတ်ခဲ့တဲ့ ရဲအရာရှိဟာ အသက် ၂၈ နှစ်ရှိဟာ ဒါရန် ၀ီဆင် ဖြစ်တယ်လို့ ရဲတွေက ထုတ်ဖော်ပြောဆိုပြီး ရဲဝန်ထမ်းကောင်းတဦးဖြစ်တယ်လို့ ကာကွယ်ပြောဆိုပါတယ်။ ရဲက ထုတ်ပြထားတဲ့ ဗွီဒီယိုမှာ မိုက်ကယ်ဘရောင်း Michael Brown ဟာ အပစ်သတ်မခံရခင်မှာ စတိုးဆိုင်တခုမှာ ၀င်ရောက်လုယက်ခဲ့တာကို တွေ့ရပါတယ်၊ အမေရိကန်ဒေါ်လာ ၄၉ ဒေါ်လာတန် ဆေးပြင်းလိပ်ဗူးကို ပိုက်ဆံမရှင်းပဲ အဓမ္မယူသွားခဲ့ပြီး မကြာခင်မှာပဲ ရဲက သူ့ကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ မစ်ဇူရီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျေးနစ်ဆင်က အမှုကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပြီး အမှုပြီးစီးတဲ့အထိ စောင့်ဆိုင်းပေးဖို့ ဒေသခံပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up