Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲအတွက် အစိုးရက နိုင်ငံရေးမူဘောင်တွေ ချပြဆွေးနွေးရန် မရှိသေး
DVB
·
August 16, 2014
နိုင်ငံရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးမူဘောင်တွေ ချမှတ်ရေးဆွဲရာမှာ အစိုးရအနေနဲ့ မိမိတို့ရဲ့ မူဘောင်တွေကို ချပြဆွေးနွေးသွားဖို့ မရှိသေးဘူးလို့ သိရပါတယ်။ NCCT and UPWC met 16082014(3အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်သူတွေပါဝင်ပြီး ဘာတွေကို ဘယ်လိုဆွေးနွေးကြမယ်ဆိုတဲ့ နိုင်ငံရေးမူဘောင်တွေ ဆွေးနွေးဖို့အတွက် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီ စတဲ့ နိုင်ငံရေးအင်အားစုအသီးသီးမှာ နိုင်ငံရေး ဆွေးနွေးရေးမူဘောင်တွေ ရှိနေကြပေမယ့် အစိုးရအနေနဲ့တော့ ချပြဆွေးနွေးသွားဖို့ မရှိသေးဘူးလို့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေးအရာရှိ ဦးလှမောင် က “ကျနော်တို့ ဘက်က ချပြရင် အဓိပ္ပါယ်တမျိုးပေါက်သွားမှာပေါ့။ ကြိုတင်ပြီးတော့ လုပ်တယ်ဆိုပြီး ဖြစ်သွားမှာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်က ကြိုတင်ပြီးတော့ မချပြတော့ဘူး။ မတူမချင်းညှိ ရမှာပေါ့။ Framework ဆိုတာ ကျနော်တို့ အစိုးရက တခါမှ မချပြခဲ့ဘူး။” တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားဆွေးနွေးညှိနှိုင်းနေတဲ့ တချိန်တည်းမှာဘဲ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်သူတွေပါဝင်ပြီး ဘာတွေကို ဘယ်လို ဆွေးနွေးကြမယ်ဆိုတဲ့ မူဘောင်ရေးဆွဲရေးတွေကိုလည်း ကြိုတင်ညှိနှိုင်းဆွေး နွေးနေတာပါ။ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေရေးဆွဲဖို့နဲ့ ရက်ပေါင်း ၉၀ အတွင်းမှာတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သဘောတူထားကြပါတယ်။ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီ စတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေဖြစ်တဲ့ မူဘောင်တွေကို အခုချိန်ထိ နိုင်ငံရေးပါတီ တချို့ကိုသာ ချပြဆွေးနွေးထားတာ ရှိပါတယ်။ ဒါရိုက်တာ ဒေါ်ချင်းချင်း က “မူဘောင်တွေကို လူများများကိုသိစေချင်တယ်။ဘာလို့လဲဆို ဒါတွေကို တမျိုးသားလုံး၊ တိုင်းရင်းသားအားလုံးနဲ့ဆိုင်တဲ့အခါကျတော့ အကောင်းဆုံး ဆွေးနွေးနိုင်မယ့် မူဘောင်တခု ဖြစ်လာဖို့ လိုအပ်တာပေါ့။ ဒီ ၁ နှစ်၊ ၂ နှစ်လောက်မှ မဟုတ်ဘဲ သားစဉ်မြေးဆက်အထိ ကောင်းမွန်တဲ့ မူဘောင်တခုဖြစ်လာဖို့လိုတာ ပေါ့နော်”လို့ ပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံရေးဆွေးနွေးဖို့ မူဘောင်တွေ ချမှတ်ရေးဆွဲရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလွဲပြီး နိုင်ငံရေးပါတီတွေ တချို့ကတော့ မူဘောင်တွေ ကြိုတင်ချပြဆွေးနွေးနေတာတွေ ရှိနေပါပြီ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးမူဘောင်တွေရေးဆွဲရေး ကြိုတင်ပြင်ဆင်နေကြသလို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆွေးနွေး နိုင်မယ်လို့ အစိုးရနဲ့ နိုင်ငံရေးအင်အားစုတွေက မျှော်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024