A d v e r t i s e m e n t With Us

အီဘိုလာရောဂါထိန်းချုပ်နိုင်ရန် ၆ လ ကြာမြင့်မည်

ဓာတ်ပုံ - ရိုက်တာ
အီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေဟာ စစ်အတွင်းကာလလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ၆ ခြောက်လလောက် ကြာမြင့်အုံးမယ်လို့ နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူ က သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားပါတယ်။ [caption id="attachment_62541" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိက နိုင်ငံတွေကို ၁၀ ရက်ကြာသွားရောက်လေ့လာခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျွမ်လီယူ က “ကျမ အဲ့ဒီဒေသတွေကို ရောက်သွားတဲ့အချိန်မှာ စစ်အတွင်းကာလလို့ပဲ ခံစားရတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် စိုးရိမ်ကြောက်ရွံ့နေရပြီး အခုဘာဖြစ်နေတယ်။ နောက်ဘာတွေ ဆက်ဖြစ်အုံးမယ်။ ဘယ်သူမှ အသေအချာမသိကြပါဘူး”လို့ ပြောဆိုပါတယ်။ ဒေသတခုလုံးကို ထိန်းနိုင်ဖို့ လိုင်ဘေးရီးယားနိုင်ငံက အခြေအနေကို အရင်ဆုံး ထိန်းနိုင်ဖို့ အရေးကြီးနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့အခန်းကဏ္ဍဟာ အရေးအကြီးဆုံး ဖြစ်နေတယ်လို့လည်း နယ်ခြားမဲ့ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဂျွမ်လီယူက ပြောဆိုပါတယ်။ “လိုင်ဘေးရီးယားနိုင်ငံရဲ့လက်ရှိရောဂါဖြစ်ပွားမှုအခြေအနေကို မထိန်းနိုင်ရင် ဒေသတခုလုံးကို လုံးဝထိန်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် WHO အဖွဲ့ကြီးက ဦးဆောင်ပြီး လက်တွေ့ကျကျအလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။” အီဘိုလာရောဂါကြောင့် ဒီနှစ်အတွင်း အနောက်အာဖရိကနိုင်ငံတွေမှာ သေဆုံးသူ ၁၀၆၉ ဦးရှိသွားပြီလို့ WHO အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up