Home
မြန်မာသတင်း
သနပ္ပင်ရေကြီးမှု အကူအညီများ လိုအပ်
နော်နိုရင်း
·
August 15, 2014
ပဲခူးတိုင်း သနပ္ပင်မြို့နယ် တမြို့နယ်လုံး ရေနစ်မြုပ်ပြီး လယ်ဧက ၅ သောင်းကျော် ရေနစ်မြုပ်ပျက်စီးသွားတဲ့အတွက် အကူညီတွေ လိုအပ်နေတယ်လို့ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ပြောပါတယ်။ ThaNatPin Flooding 15082014သနပ္ပင်မြို့နယ်မှာ ကျေးရွာနဲ့ ရပ်ကွက် အုပ်စုပေါင်း ၆၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၀၀ ကျော်ရှိပါတယ်။ သြဂုတ်လ ၃ ရက်နေ့ကတည်းက ရေကြီးရေလျှံဖြစ်ပြီး ရပ်ကွက် ကျေးရွာအားလုံ နဲ့ လယ်ဧက ၅ သောင်းကျော် ရေကြီးနစ်မြုပ်နေတယ်လို့ သနပ္ပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ပြောပါတယ်။ ရေကြီးနစ်မြုပ်တဲ့နေရာအတွက် အစားအသောက်နဲ့ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေကြီးမှုကြောင့် တမြို့နယ်လုံးမှာရှိတဲ့ ကျောင်းတွေလည်း ဒီတပတ်အတွင်း ပိတ်ထားရတယ်လို့ ပြောပါတယ်။ ရေကြီးနစ်မြုပ်တဲ့ လယ်တွေကလည်း ရေနစ်မြုပ်တာ ၁၀ ရက်ကျော်ကြာနေပြီဖြစ်တဲ့ အတွက် ပျက်စီးကုန်ပြီလို့လည်း ဦးမြင့်ဦးက ဆိုပါတယ်။ “သနပ်ပင်အနေအထားက ရွာတွေအားလုံး ရပ်ကွက်တွေ အားလုံး မြုပ်တယ်။ ရေကြီးတာလည်း ၁၀ ရက်လော် ဖြစ်တဲ့အခါကျတော့ စားဝတ်နေရေး နည်းနည်း ခက်ခဲတာပေါ့။ အန်ကယ်တို့ဆီ အလှူငွေရတဲ့ဟာတွေကို မျှပြီးပေးနေတယ်။ ရွာပေါင်း တော်တော်များများက မပေးနိုင်သေးဘူး။ မြို့နားနီးတဲ့ ကျေးရွားတွေတချို့လောက်ပဲ ပေးနိုင်သေးတယ်။ မနေ့က ရွာဘက်ရောက်တယ် အဲဒီမှာ လှေတွေနဲ့ပဲ သွားနေရသေးတယ်။ ကျတော့ကျပြီ။ ကျပြီဆိုပေမယ့် ပုံမှန်အနေအထားမျိုးရောက်ဖို့ လိုသေးတယ်။ ဖျားနာတာ များတယ်။ ဒီမှာကျန်းမာရေး စောင့်ရှောက်မှု လည်း တော်တော်လိုအပ်တယ်။ ” ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧက ပျက်စီးဆုံးရှုံမှုအခြေအနေကို သိရဖို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် တာဝန်ခံ ဖြေကြားမယ့်သူမရှိပါဘူး။ ဒီကနေ့ ဖော်ပြေတဲ့ ဆဲဗင်းဒေး သတင်းတပုဒ်မှာတော့ တနိုင်ငံလုံးမှာ ရေကြီးနစ်မြုပ်နေတဲ့ လယ်ဧက သုံသိန်းသုံးသောင်းကျော်ရှိနေကြောင်း ကျော်ရှိခဲ့ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး ရဲ့ ပြောဆိုချက်မေးမြန်းပြီး ဖော်ပြထားပါတယ်။ ` ရေဘေးကို အဆိုးရွားဆုံးရင်ဆိုင်နေရတဲ့ ပဲခူးတိုင်းဒေသကြီး အပါအ၀င် ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ မိုးစပါးစိုက်ဧက ၃၃၀၀၀ ကျော် ရေ နစ်မြုပ်ခဲ့ပြီး ထိခိုက်လယ်မြေစုစုပေါင်း ဧက ၁၃၀၀၀ ကျော်ရှိခဲ့ကြောင်း ဦးဝင်းလှိုင်ဦးက ပြောဆိုထားပါတယ်။ စိုက်ပျိုးရေးဦးစီးဌာနက ရေနစ်မြုပ်ဧက သုံးသိန်းသုံးသောင်းကျော်အနက် လုံးဝပျက်စီးနိုင်တဲ့ လယ်ဧကမှာ သောင်းဂဏန်းလောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပေမယ့် ပဲခူးတိုင်းဒေသကြီးတခုတည်းမှာတင် ၁၀ ရက် ကျော်လာသည်အထိ လယ်ဧက ၈ သောင်းကျော် ရေမြုပ်နေဆဲ ဖြစ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024