Live
Home
မြန်မာသတင်း
မသန်စွမ်းများကို ဘွဲ့ရသည်အထိ ထောက်ပံ့ပေးရန် စတင်
အေးနိုင်
·
August 15, 2014
တက္ကသိုလ်တက်ရောက်လိုပြီး ငွေကြေးခက်ခဲနေကြတဲ့ မသန်စွမ်းသူတွေကို ဘွဲ့လက်မှတ်ရတဲ့ထိ ရာနှုန်းပြည့် ပညာသင်ကြေး ထောက်ပံ့မယ့်အစီအစဉ်ကို မြန်မာပြည်မှာ စတင်လိုက်တာကြောင့် စတင်လျှောက်နိုင်ကြပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာ မသန်စွမ်းတွေရဲ့ ပညာရေးအတွက် ပထမဆုံး အကောင်အထည်ဖော်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ Education for Disableဒီအစီအစဉ်မှာ ဂျပန် နိပွန်ဖောင်ဒေးရှင်းက တက္ကသိုလ် ပညာသင်စရိတ် ၁၀၀ ရာခိုင်နှုန်း ငွေကြေးပံ့ပိုးမှု၊ ဧဒင်ဂရုဖ်ရဲ့ အတိုးမဲ့ ချေးငွေစနစ် ပံ့ပိုးမှုတွေနဲ့အတူ မြန်မာ့ရှေ့ဆောင်ဘဏ်နဲ့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းချုပ်တို့က ဦးဆောင် စီစဉ်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မီလီ)က ပူးပေါင်းဆောင်ရွက်တဲ့ တက္ကသိုလ်ပညာသင်ထောက်ပံ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီအထောက်အပံ့ကြောင့် မသန်စွမ်းသူတွေလည်း အများနည်းတူ တက္ကသိုလ် ပညာတတ်တွေ ဖြစ်လာပြီး လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးလာစေဖို့ ဖြစ်ပါတယ်။ ဒီထောက်ပံ့မှုကို မြန်မာနိုင်ငံတွင်း နေထိုင်ပြီး ငွေကြေးအခက်အခဲရှိကြတဲ့ တက္ကသိုလ် ဆက်လက်တက်ရောက်မယ့် ကိုယ်အင်္ဂါမသန်စွမ်းသူတွေ၊ အမြင်အာရုံ ချွတ်ယွင်းအားနည်းသူတွေ၊ အပြော (သို့မဟုတ်) အကြားအာရုံ ချွတ်ယွင်းသူတွေ၊ ဉာဏ်ရည် မသန်စွမ်းသူတွေ၊ အနာကြီးရောဂါခံစားနေရသူတွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေ မည်သူမဆို ဒီအစီအစဉ်မှာ ပါဝင် လျှောက်ထားနိုင်တယ်လို့ ကြေညာထားပါတယ်။ တက္ကသိုလ်ပညာသင်ဆု လျှောက်ထားအောင်မြင်ရင် ပညာသင်စရိတ်ထောက်ပံ့ကြေးနဲ့ သင်ထောက်ကူပစ္စည်းတွေ ၀ယ်ယူနိုင်ဖို့အတွက် အတိုးမဲ့ချေးငွေ ထောက်ပံ့ကြေးတို့ကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ပညာသင်စရိတ်ထောက်ပံ့ကြေးမှာ တက္ကသိုလ်ကျောင်းလခ၊ ကျောင်းဝင်ကြေးနဲ့ တက္ကသိုလ်ကို မဖြစ်မနေ ပေးသွင်းရမယ့် ကုန်ကျစရိတ်တွေ ပါဝင်ပါတယ်။ နောက်တမျိုးဖြစ်တဲ့ သင်ထောက်ကူပစ္စည်းတွေ ၀ယ်ယူနိုင်ဖို့အတွက် အတိုးမဲ့ချေးငွေ ထောက်ပံ့ကြေးကိုတော့ ဆနအလျှောက်ယူကြဖို့နဲ့ ဘွဲ့ရပြီး ၅ နှစ်အတွင်း အရစ်ကျ ပြန်ဆပ်ကြဖို့ ဖြစ်ပါတယ်။ ၀င်ခွင့်လျှောက်လွှာတွေကို ၁ နှစ်ပတ်လုံး လက်ခံနေပြီး ၂၀၁၄ ခုနှစ်အတွက် လျှောက်လွှာပိတ်ရက်ကတော့ အောက်တိုဘာ ၃၁ ရက် ဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ၂၀၀၉ ခုနှစ် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတ၀န်းလုံးမှာ မသန်စွမ်းသူ ၁ ဒသမ ၃ သန်း နိုင်ငံလူဦးရေရဲ့ ၂ ဒသမ ၃၂ ရာခိုင်နှုန်း ရှိနေပြီး ဘွဲ့ရ မသန်စွမ်းသူမှာ မသန်စွမ်းသူ ၁၀၀ မှာ ၁ ဦးနှုန်းသာ ဘွဲ့ရကြတယ်လို့ သိရပါတယ်။ နိုင်ငံတ၀န်းမှ ထောက်ပံ့ကြေးလျှောက်လိုသူတွေအနေနဲ့ လူကိုယ်တိုင်သာမက အင်တာနက်၊ အီးမေးလ်၊ ဖက်စ်နဲ့ တယ်လီဖုန်းတွေကနေ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဆက်သွယ်ရန်ဖုန်း - ၀၁၉၆၆၃၁၃၃၊ ၀၉၄၅၀၀၆၇၂၄၇။ အီးမေးလ် - [email protected]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024