ဘရာဇီးသမ္မတလောင်း လေယာဉ်ပျက်ကျ သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဘရာဇီးသမ္မတလောင်း Eduardo Campos ဟာ သြဂုတ် ၁၃ ရက်နေ့ မနက်ပိုင်းက ရွေးကောက်ပွဲမဲဆွယ်ရေးခရီးစဉ်နဲ့ Santos မြို့ကိုအသွား လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။ လေယာဉ်ပေါ်ပါသူ တခြားခရီးသည် ၄ ဦးနဲ့ လေယာဉ်မှူး နှစ်ဦးတို့လည်း သေဆုံးခဲ့ပါတယ်။ [caption id="attachment_62361" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]Rio de Janeiro မြို့ကနေ Santos မြို့ကိုအသွား ရာသီဥတု ဆိုးဝါးမှုကြောင့် Santos မြို့ လူနေအိမ်တွေပေါ် ပျက်ကျခဲ့လို့ နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပြီး လူ ၆ ဦးဒဏ်ရာရခဲ့ကြတယ်လို့ ဘရာဇီးလေတပ်က ဆိုပါတယ်။ လက်ရှိ ဘရာဇီးသမ္မတ Dilma Rousseff က သမ္မတလောင်း Eduardo Campos သေဆုံးခဲ့မှုအတွက် ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ အစိုးရရုံးပိတ်ရက် ၃ ရက် ကြေညာခဲ့ပြီး သူ့ရဲ့မဲဆွယ်ပွဲအစီအစဉ်တွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ အသက် ၄၉ နှစ်ရှိ သမ္မတလောင်း Eduardo Campos ဟာ နိုင်ငံရေးနောက်ခံရှိတဲ့ မိသားစုက ဆင်းသက်လာပြီး နိုင်ငံအနောက်မြောက်ပိုင်းက Pernambuco ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပါတယ်။ Campos ရဲ့ မိသားစုဟာ ၁၉၆၄ ကနေ ၁၉၈၅ ထိ အုပ်ချုပ်ခဲ့တဲ့ ဘရာဇီးစစ်အစိုးရကို တောက်လျှောက် ဆန့်ကျင်ခဲ့သူတွေလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ဆိုရှယ်လစ်ပါတီဟာ လာမယ့်အောက်တိုဘာလ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Rousseff ရဲ့ အလုပ်သမားပါတီကို စိန်ခေါ်နိုင်မယ့် ရေပန်းအစားဆုံးပါတီလည်း ဖြစ်နေပါတယ်။ သူသေဆုံးခဲ့တာကြောင့် အောက်တိုဘာလ ဘရာဇီးသမ္မတ ရွေးကောက်ပွဲ အနေအထား လုံးဝပြောင်းလဲသွားတယ်လို့ ဘရာဇီးနိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up