A d v e r t i s e m e n t With Us

မြို့လယ် ၃ မြို့နယ်မှာ လျှပ်စစ်မီတာခ အွန်လိုင်းကနေ ပေးချေနိုင်မည်

Electricလာမယ့် စက်တင်ဘာ ဒုတိယအပတ်ကျရင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ Eazy Pay ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အွန်လိုင်းကနေတဆင့် လျှပ်စစ်မီတာခ ပေးချေတဲ့လုပ်ငန်း စတင် ၀န်ဆောင်မှု ပေးသွားမယ်လို့ ပုဇွန်တောင်မြို့နယ် လျှပ်စစ်မီတာရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။ လက်ရှိ မြို့လယ် ၃ မြို့နယ် ဖြစ်တဲ့ ပုဇွန်တောင်၊ လသာနဲ့ လှိုင်မြို့နယ်တွေကို ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ အေဂျီဒီဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်တွေနဲ့ ချိတ်ဆက် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။ အွန်လိုင်းကနေ မီတာခ ပေးချေလိုသူတွေဟာ အဲဒီဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားရမှာ ဖြစ်ပြီး www.ypay.com မှာ ငွေပေးသွင်းနိုင်မယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up