လှိုင်သာယာ- ညောင်တုန်း ရထားပြေးဆွဲမှု ရပ်ဆိုင်း
DVB
·
August 14, 2014
မိုးရွာသွန်းမှုကြောင့် ရထားလမ်းတာဘောင် နိမ့်ကျွံမှုတွေ ဖြစ်ခဲ့ရတဲ့အတွက် လှိုင်သာယာ- ညောင်တုန်း ရထားလမ်းပိုင်းမှာ ရထားပြေးဆွဲမှု ရပ်ဆိုင်းထားလိုက်ရပြီလို့ မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။
ဒီ လှိုင်သာယာ- ဟင်္သာတ ရထားလမ်းပိုင်းသစ်ကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကမှ ပြေးဆွဲခဲ့တာဖြစ်ပြီး နှစ်လကျော်အကြာမှာ ခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီ ရထားလမ်းပိုင်းကို မိုးရာသီတလျှောက်လုံး ရပ်နားထားမှာဖြစ်ပြီး ညောင်တုန်း- ဟင်္သာတ လမ်းပိုင်းကိုတော့ ဆက်ပြီး ပြေးဆွဲသွားမယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီတိုင်းထဲက ဒီရထားလမ်း တည်ဆောက်မှုဟာ စံချိန်စံညွှန်းမမီလို့ ခုလို ဖြစ်ရတာဆိုပြီး မြန်မာ့မီးရထား အင်ဂျင်နီယာမှူးဟောင်း ဦးသိန်းဆွေက ပြောဆိုပါတယ်။