ရီဘာရီ လက်ရွေးစင်ကစားသမားဘ၀မှ အနားယူပြီ
Published By
DVB | 14 August, 2014
869
0
Share
0
Comment
0
Likes

ပြင်သစ် တောင်ပံကစားသမား ဖရန့် ရီဘာရီဟာ လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူ လိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ဘိုင်ယန်မြူးနစ် ကွင်းလယ်သမားဟာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ပေးတဲ့ အကောင်းဆုံး ကစားသမား ဆု ကို ၃ ကြိမ် ရရှိထားပါတယ်။
အနားယူရတာနဲ့ ပက်သက်ပြီး ရီဘာရီက “မိသားစုအရေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အာရုံ အပြည့်အ၀ စိုက်ချင်ပါတယ်။ လက်ရွေးစင်အသင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းအောင် ကစားနိုင်တဲ့ လူငယ်တွေ အများကြီး ရှိပါတယ်” လို့ ပြောပါတယ်။
ရီဘာရီဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ဘရာဇီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့် ရမထားပါဘူး။
သူဟာ ပြင်သစ်အသင်းအတွက် ၈၁ ပွဲမှာ ၁၆ ဂိုး သွင်းပေးထားပါတယ်။ ကွင်းလယ်သမားဟာ ဥရောပရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၁၃ ခုနှစ်က ရရှိထားပါတယ်။