ရုပ်ရှင်မင်းသမီးကြီး လောရန့် ဘာကော ကွယ်လွန်

867
အမေရိကန်လူမျိုး ရုပ်ရှင်မင်းသမီးကြီး လောရန့် ဘာကော အသက် ၈၉ နှစ်ဟာ သြဂုတ် ၁၂ ရက်နေ့က ကွယ်လွန်သွားပါတယ်။
နယူးယောခ့်မှာ ပြောင်းရွှေ့အခြေချသူ မိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ဘာကောဟာ မထင်မရှား ပြဇာတ်သရုပ်ဆောင်၊ မဂ္ဂဇင်းမျက်နှာဖုံး၊ ကိုယ်ဟန်ပြမယ်ဘ၀ကနေ နာမည်ကျော် ရုပ်ရှင်မင်းသမီး ဘ၀ရောက်ခဲ့တာဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်မှာ "To Have and Have Not, ရုပ်ရှင်မှာ ပထမဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် "Young Man With a Horn" (1950), "How to Marry a Millionaire" (1953) and "Murder on the Orient Express" (1974) အပါအ၀င် ရုပ်ရှင်ပေါင်း ၃၀ ကျော်မှာ သရုပ်ဆောင်ခဲ့ပါတယ်။
ဘာကောဟာ အမေရိကန် ရုပ်ရှင်မင်းသား ဟမ်းဖရေး ဘိုဂတ်နဲ့ ၁၉၄၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။
မင်းသားကြီး ဟမ်းဖရေးရဲ့ စတုတ္ထ အိမ်ထောင်ဆက်ဖြစ်ပေမယ့် မင်သားကြီး ကွယ်လွန်ချိန် ၁၉၅၇ ခုနှစ်အထိ ပေါင်းသင်းခဲ့ကြပါတယ်။
"The Big Sleep" (1946), "Dark Passage" (1947) and "Key Largo" (1948) ဇာတ်ကားတွေမှာလည်း အတူတူ သရုပ်ဆောင်ခဲ့ကြပါတယ်။
၁၉၇၀ မှာ Tony Awards အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရခဲ့ပါတယ်။ မင်းသမီးကြီး ကိုယ်တိုင်က သူ့ဘ၀မှာ အတက်အကျများတာကို ရိုလာ ကိုစတာ စီးရသလိုပဲလို့ ပြောခဲ့ဖူးပါတယ်။
