Home
စီးပွားရေး
၂၀၂၁ တွင် မြန်မာကို ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံအဆင့်က လွတ်ရန် လုပ်မည်
DVB
·
August 13, 2014
poor 2၁၉၈၇ ခုနှစ်က မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနိုင်ငံ (အယ်လ်ဒီစီ)အဆင့် သတ်မှတ်ခြင်းခံရပြီးနောက် နှစ်ပါင်း ၃၀ ကျော်အကြာ ၂၀၂၁ ခုနှစ်ရောက်ရင် LDC သတ်မှတ်ချက် လွတ်မြောက်အောင် ရည်မှန်းချက်ထား အကောင်အထည် ဖော်နေတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက ပြောပါတယ်။ သြဂုတ် ၁၀ ရက်နေ့က ရန်ကုန် မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအရင်းအမြစ် အဖွဲ့အစည်းရုံးမှာ ကျင်းပတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောပွဲမှာ သူက ခုလို ပြောဆိုခဲ့တာပါ။ လက်ရှိ အခြေအနေ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ညွှန်းကိန်းအောက်ရောက်သူ ၃၂ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်လိုအပ်ချက်တွေကိုလည်း ၂၀၁၅ ခုနှစ်ကစပြီး ၃ နှစ် ၁ ကြိမ် ကုလသမဂ္ဂကို အစီရင်ခံပြီး အယ်လ်စီဒီအဆင့်ကနေ လွတ်မြောက်အောင်လုပ်သွားမှာ ဖြစ်ကြောင်း ဒေါက်တာဇော်ဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024