Home
မြန်မာသတင်း
၈ နှစ်အတွင်း မြန်မာ့ဘိန်းစိုက်ပျိုးမှု ၂ ဆကျော် မြင့်တက်
ပိုင်စိုး
·
August 13, 2014
၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၂ ဆကျော် မြင့်တက်လာတယ်လို့ နိုင်ငံပိုင်သတင်းစဉ်မှာ ဖော်ပြလိုက်ပါတယ်။ 10556285_345408618949112_6812578667408620750_nဘိန်းစိုက်ပျိုးမှုတိုင်းတာခြင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်တို့ ပူးပေါင်းပြီး ၂၀၀၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာမှာ ၁၈၆၀၆ ဟက်တာ ရှိပြီး ၂၀၁၄ ခုနှစ် မှာတော့ ၃၉၆၁၆ ဟက်တာရှိနေတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ကချင်ပြည်နယ် အထူးဒေသ ၁ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတယ်လို့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ ဘိန်းစိုက်ပျိုးဟက်တာ ၄ သောင်းကျော်ရှိခဲ့တာကြောင့် လျော့လာတယ်လို့ ပြောနိုင်ပေမယ့် ၂၀၁၃ ခုနှစ်ထက် ၃.၀၉ ရာခိုင်နှုန်းပဲ ဒီနှစ်မှာ လျော့နည်းသွားတာ ဖြစ်ပါတယ်။ ကွင်းဆင်း တိုင်းတာမှုတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်ဟာ တနိုင်ငံလုံးစိုက်ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့လည်း သတင်းစဉ်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024