အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် တွေ့ဆုံ
DVB
·
August 11, 2014
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီး နဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်တို့ သြဂုတ် ၁၁ ရက်နေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာနဲ့ တရားရေးစနစ်တွေကို ဆွေးနွေးခဲ့ပါတယ်။
[caption id="attachment_62170" align="alignright" width="300"] ဦးရောဘတ်စန်းအောင်[/caption]
လက်ထောက်နိုင် ငံခြားရေး ၀န်ကြီး တွမ်မာလင်နော့စကီး နဲ့ ရှေ့နေများ ကွန်ရက်တို့ ဒီနေ့ နေ့လည်ပိုင်းက အမေရိကန် သံရုံးမှာ တွေ့ဆုံ ခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့ ဥပဒေရေးရာတွေ၊ တရားရေး စနစ်ရဲ့အားသာချက်၊ အားနည်းချက်တွေနဲ့ ရှေ့ကို ဆက်လုပ်ရမယ့် ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်တွေကို နှစ်ဘက်တွေ့ဆုံ ဆွေးနွေးခဲ့ကြ တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
ရှေ့နေတွေအနေနဲ့ လက်ရှိမှာ နိုင်ငံရေးအမှုတွေ လိုက်ပေးတဲ့အခါ လုံခြုံမှုမရှိတာမျိုး ခံ စားရကြောင်း ဒီလိုကိစ္စတွေကိုလည်း တင်ပြခဲ့ကြောင်း ဆိုပါတယ်။
ခုတွေ့ဆုံမှုဟာ ပဏာမတွေ့ဆုံဆွေးနွေးတာ ဖြစ်ပြီး မြန်မာနိုင်ငံကို အမေရိကန်သမ္မတ အိုဘာမား လာရောက်တဲ့အခါ ရှေ့နေများကွန်ရက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်