A d v e r t i s e m e n t With Us

အော်စကာဆုရှင် ရော်ဘင်ဝီလီယံ ကွယ်လွန်

အသက် ၆၃ နှစ်အရွယ်ရှိ အော်စကာဆုရှင် ဟာသသရုပ်ဆောင် ရော်ဘင်ဝီလီယံဟာ သြဂုတ် ၁၁ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ သူရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ robin-williamsသေမှုသေခင်း စုံစမ်းဖော်ထုတ်တဲ့ အရာရှိတွေ က သေကြောင်းကြံ စည်မှုလို့ ယူဆပြီး ဆက်လက်စုံစမ်းနေ ပါတယ်။ အောက်ဆီ ဂျင်ပြတ်ပြီး သေဆုံး သွားပုံရတယ်လို့ သံသယရှိနေတာပါ။ ၀ီလီယံဟာ ၁၉၉၇ ခုနှစ်မှာ "Good Will Hunting," ဒရမ်မာဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့သူ ဖြစ်ပြီး ပြင်းထန်တဲ့ စိတ်ကျရောဂါ ခံစားခဲ့ရတာ သိပ်မကြာသေးဘူးလို့ သူ့ရဲ့ဆက်ဆံရေး တာဝန်ခံ မာယာ ဘတ်ဘွေး (Mara Buxbaum) က ပြောပါတယ်။ ရော်ဘင် ၀ီလီယံဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ "Mork & Mindy တီဗွီ ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကထဲ ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ သူသရုပ်ဆောင်ခဲ့တဲ့ "Bengal Tiger at the Baghdad Zoo" ပြဇာတ်က သူ့အတွက် မှတ်တိုင်တခုလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up