Homeမေးမြန်းခန်း
ကြားဖြတ်ရွေးကောက်ပွဲ ပြည်နယ်အားလုံးမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ နိုင်မယ် (FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်)
ကြားဖြတ်ရွေးကောက်ပွဲ ပြည်နယ်အားလုံးမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ နိုင်မယ် (FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်)
ရွှေအောင်
·
August 10, 2014
[caption id="attachment_56690" align="alignright" width="377"] ဦးစောသန်းမြင့်[/caption]လာမယ့် ၂၀၁၄ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) နဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP တို့က တိုင်းရင်းသား ကိုယ်စားလှယ်တွေဟာ ပြည်နယ်အားလုံးမှာ အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ FUP ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီ ပါတီ ၂ခုက ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ အကြမ်းဖျဉ်း ရွေးချယ်ထားပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ကျင်းပမယ့်ရက် ကြေညာရင် ကိုယ်စားလှယ်လောင်း အပြီးသတ် ရွေးမယ်။ ကိုယ်စားလှယ်လောင်း အရည်အချင်း တူနေရင် အမျိုးသမီးကိုယ်စားလှယ် ဦးစားပေး ရွေးမယ်လို့လည်း သူက ပြောပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။