တရုတ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ နေပြည်တော်တွင် သီးခြားတွေ့ဆုံ

နေပြည်တော်မှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်းရီနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီတို့ဟာ သြဂုတ်လ ၉ ရက်နေ့က သီးခြား တွေ့ဆုံပါတယ်။ US and China Foreign Minister Meet NayPyiTaw 09082014တရုတ်နိုင်ငံခြားရေး ၀န်ကြီးက အမေရိကန်-တရုတ် ဆက်ဆံရေးဟာ တည်ငြိမ်တဲ့ အခြေအနေမှာ တိုးတက်ကောင်းမွန်နေတယ်လို့ ပြောပါတယ်။ တရုတ်အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သဘောတူညီမှု၊ တရုတ်-အမေရိကန် မဟာဗျူဟာနဲ့ စီးပွားရေး ဆွေးနွေးပွဲရလဒ်တွေအပေါ် အခြေခံပြီး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ မတူညီမှုတွေ၊ အကဲဆတ်တဲ့ ကိစ္စတွေမှာ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားဖို့ ရေရည်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ဒေသတွင်း တည်ငြိမ်ရေး၊ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် အကျိုးဖြစ်ထွန်းစေမယ့် တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ဆောက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ .တောင်တရုတ် ပင်လယ်အရေးနဲ့ပတ်သက်လို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို အချက်အလက်တွေ၊ နောက်ခံ သမိုင်းကြောင်းတွေကို ရှင်းပြခဲ့သလို တရုတ်ဟာ အာဆီယံ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အာဆီယံ နိုင်ငံတွေထဲက တချို့က တရုတ်ကို ထိပ်တိုက်တွေ့ချင်နေကြတယ်လို့လည်း ပြောပါတယ်။ ဂျွန်ကယ်ရီက တရုတ်နဲ့ အမေရိကန် မဟာဗျူဟာမြောက် စီးပွားရေး ဆွေးနွေးပွဲနဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်ရဲ့ အကျိုးကျေးဇူးတွေကို ချီးကျူးစကား ပြောပါတယ်။ အမေရိကန်က တရုတ်နဲ့ ဆက်ဆံရေးမှာ အပြန်အလည် ယုံကြည်မှုကို မြှင့်တင်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေလိုတယ်လို့ ပြောပါတယ်။ တောင်တရုတ် ပင်လယ်အရေးမှာလည်း အမေရိကန်က ဘက်လိုက်မှာ မဟုတ်ဘဲ ဒေသတည်ငြိမ်ရေးနဲ့ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းတာမျိုးကို အမေရိကန် လိုလားတယ်လို့ ဂျွန်ကယ်ရီက ပြောပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးနှစ်ယောက်ဟာ ယူကရိန်းပြဿ နာနဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿ နာကိုလည်း တခြား ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up