ယူကရိန်းနိုင်ငံထဲ ရုရှားတပ်တွေ မလွှတ်ရန် အမေရိကန်နှင့် ဗြိတိန် သတိပေး

ဓာတ်ပုံ - ရိုက်တာ
ယူကရိန်းနိုင်ငံထဲကို လူသားချင်းစာနာတဲ့အကူအညီတွေ ပို့တယ်ဆိုပြီး ရုရှားတပ်တွေ မလွှတ်ဖို့ ရုရှားနိုင်ငံကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက သတိပေးလိုက်ပါတယ်။ နိုင်ငံတကာအစီအစဉ်နဲ့ အကူအညီတွေ ပေးပို့နေတဲ့အချိန်မှာ ရုရှားနိုင်ငံကလည်း အဲ့လို လုပ်ဆောင်မယ်ဆိုရင် လုံးဝလက်ခံမှာမဟုတ်ပဲ ယူကရိန်းနိုင်ငံကို ကျူးကျော်မှုလို့ သတ်မှတ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် က ပြောဆိုပါတယ်။ [caption id="attachment_61996" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကလည်း ရုရှားနိုင်ငံအနေနဲ့ အဲ့လိုလုပ်ရပ်မျိုးတွေကို မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယူကရိန်းနိုင်ငံထဲကို ရုရှားစစ်ကားတွေဝင်ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီးမှာ ဗြိတိန်နိုင်ငံက အခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဒီတပတ်ထဲမှာပဲ ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံကလည်း အနောက်နိုင်ငံတွေက တင်သွင်းတဲ့ အစားအစာတွေကို ပိတ်ပင်ခဲ့ပါတယ်။ သြဂုတ်လ ၈ ရက်နေ့က ရုရှားနဲ့နယ်စပ်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ နောက်ဆုံးတိုက်ပွဲတွေအပြီး ယူကရိန်းစစ်သား ၁၅ ဦးကျဆုံးပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းနဲ့နယ်စပ်မှာ ရုရှားတပ်အင်အား ၂ သောင်းချထားတယ်လို့လည်း နေတိုးကဆိုပါတယ်။ ယူကရိန်းခွဲထွက်ရေးတွေနဲ့ တိုက်ခိုက်ရင်း ရုရှားနိုင်ငံထဲကို ၀င်ရောက်သွားခဲ့ကြတဲ့ ယူကရိန်းစစ်သား လေးရာထဲက အရာရှိ ၅ ယောက်ကို ဖမ်းထားတယ်လို့ ရုရှားထောက်လှမ်းရေးက ဆိုပါတယ်။ စစ်သားအများစုကိုတော့ လက်နက်ဖြုတ်သိမ်းပြီး ယူကရိန်းနိုင်ငံကို ပြန်ခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ယူကရိန်းအစိုးရသစ်တက်ခဲ့ချိန်ကစလို့ ယူကရိန်းခွဲထွက်ရေးတွေကို နှိမ်နင်းမှုတွေအတွင်း အရပ်သားစစ်သားစုစုပေါင်း ၁၅၀၀ လောက် သေဆုံးခဲ့ကြပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up