A d v e r t i s e m e n t With Us

ရေပေါ် မျောနိုင်တဲ့ ဘီးတပ်ကုလားထိုင် ဒူဘိုင်းတွင် စတင်

ရွေ့လျားသွားလာနိုင်စွမ်း အားနည်းသူတွေ ပင်လယ်ထဲ ဒါမှမဟုတ် ရေကူးကန်တွေမှာ ရေကစား ပျော်ရွှင်နိုင်ဖို့ ရေပေါ်မှာ ပေါလောမျောနိုင်တဲ့ ဘီးတပ်ကုလားထိုင်ကို အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းက စတင်မိတ်ဆက်လိုက်ပါတယ်။ Wheel Chairဒူဘိုင်းရဲ့ ကမ်းခြေပန်းခြံ ၂ ခုမှာ ရေပေါ်သုံး ဘီးတပ်ထိုင်ခုံ ၂၀ ကို ချထားပေးပြီး ဧည့်သည်တွေက အခမဲ့ သုံးနိုင်ပါတယ်။ တစိတ်တပိုင်းသန်စွမ်းသူ ဧည့်သည်တွေဟာ ခုတော့ ဖြုတ်လို့ရတဲ့ လက်တင်တန်း ၂ ခုကြားက အထူးဘီးတပ်ကုလားထိုင်ပေါ်မှာ သက်တောင့်သက်သာ ထိုင်နိုင်ပါပြီ။ ခုံအမြင့်က ပုံမှန် ဘီးတပ်ကုလားထိုင်ရဲ့ တ၀က်ပဲ ရှိလို့ အနေအထားပြောင်းလဲဖို့ ပိုလွယ်တဲ့ ပုံစံဖြစ်ပါတယ်။ ဘီးတွေနဲ့ ရေထဲ ပေါလောမျောနိုင်တဲ့ ပစ္စည်းတွေကိုလည်း ကိရိယာ တန်ဆာပလာ မပါဘဲ အလွယ်တကူ ဖြုတ်နိုင် တပ်နိုင်ပါတယ်။ ဒူဘိုင်းမြို့မှာ အဓိက ပန်းခြံ ၈ ခုရှိပြီး နှစ်စဉ် ခရီးသည် ၈ သန်း လာရောက်လည်ပတ်လေ့ ရှိပါတယ်။ ဒူဘိုင်းအစိုးရက အခု အောက်တိုဘာက စပြီး ပန်းခြံဧရိယာအနည်းဆုံး ၂၀ ရာခိုင်နှုန်းကို တစိတ်တပိုင်း သန်စွမ်းသူတွေအတွက် ဖျော်ဖြေရေး ပစ္စည်းတွေ တပ်ဆင်ဖို့ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေ စဖို့ ပြင်ဆင်နေပါတယ်။ ၂၀၂၀ ကမ္ဘာ့ကုန်စည်ပြပွဲ မတိုင်မီ တစိတ်တပိုင်းသန်စွမ်းသူ ဧည့်သည်တွေ ပိုပြီး လက်လှမ်းမီအောင် ဒူဘိုင်းမြို့ ပြင်ဆင်မှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up