လေယာဉ် ၂ စီး ပျောက်ဆုံး ပျက်ကျခံသည့် မလေးလေကြောင်း ပုဂ္ဂလိကပိုင် ပြောင်းမည်

ဒီနှစ်အတွင်း ခရီးသည်တင်လေယာဉ် ၂ စီး ပျက်ကျ ပျောက်ဆုံးခဲ့ပြီး အရှုံးပေါ်ခဲ့တဲ့ မလေးရှားလေကြောင်းလိုင်းကို အစိုးရပိုင်ကနေ ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲမယ်လို့ မလေးရှားလေကြောင်းလိုင်းက ဒီနေ့ ကြေညာလိုက်ပါတယ်။ mh370-777လေကြောင်းလိုင်းရဲ့ အစုရှယ်ယာ ၆၉ ဒသမ ၃၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့တဲ့ မလေးရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုဦးပိုင်လုပ်ငန်း ခါဇနာအ် နာစီအိုနယ်လ် (Khazanah Nasional) က ကျန်ရှိနေသေးတဲ့ အစုရှယ်ယာအကုန်လုံးကို အမေရိကန်ဒေါ်လာ ၄၃၅ သန်းကျော်နဲ့ ၀ယ်လိုက်မှာ ဖြစ်ပြီး လေကြောင်းလိုင်းတခုလုံးကို ပြုပြင်ပြောင်းလဲမယ်လို့ ဆိုပါတယ်။ အစုရှယ်ယာအရောင်းအ၀ယ်တွေကိုလည်း ဒီကြေညာချက်မတိုင်ခင် ဒီနေ့ ရပ်ဆိုင်းလိုက်ပါတယ်။ မလေးရှားလေကြောင်းလိုင်းဟာ လေယာဉ် ၂ စီး မပျက်ကျခင်ကတည်းက ဒေသတွင်း တန်းဖိုးနည်း လေကြောင်းလိုင်းတွေကို မယှဉ်နိုင်ပဲ အရှုံးပေါ်နေခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ၂ စီး ပျက်ကျပျောက်ဆုံးခဲ့ပြီးနောက်ပိုင်း လေယာဉ်စီး ခရီးသည် လုံးဝကျဆင်းခဲ့ပါတယ်။ ခါဇနာအ် နာစီအိုနယ်လ်က လေကြောင်းလိုင်း ပြန်လည်တည်ဆောက်ရေးအစီအစဉ် အသေးစိတ်ကို သြဂုတ်လအကုန်မှာ ထုတ်ပြန်ပေးမယ်လို့ ပြောဆိုခဲ့ပြီး အဖွဲ့အစည်းစုံက ၀ိုင်းဝန်းကူညီဖို့ကိုလည်း အကူအညီတောင်းခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up