ရှစ်လေးလုံး ဂုဏ်ပြု တေးသီချင်း
DVB
·
July 8, 2014
၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၆ နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
၈၈၈၈ အရေးတော်ပုံကာလအတွင်း စစ်အစိုးရရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးသွားသူများအတွက် ဂုဏ်ပြုစပ်ဆိုထားတဲ့ တေးသီချင်းဖြစ်ပါတယ်။