A d v e r t i s e m e n t With Us

အီဘိုလာ ကူးစက်မှု အရေးပေါ်အခြေအနေ ရှိနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ဓာတ်ပုံ - ရိုက်တာ
အနောက်အာဖရိကမှာ ဆက်လက်ပျံ့နှံ့နေဆဲ အီဘိုလာဗိုင်းရပ်စ်ဟာ နိုင်ငံတကာကျန်းမာရေး ဘေးအန္တရာယ် ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သြဂုတ်လ ၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ အာဖရိကလေးနိုင်ငံမှာ ပျံ့နေတဲ့ အီဘိုလာကြောင့် သေဆုံးသူ အယောက်တထောင်နီးပါး ရှိနေပါပြီ။ ဒီကူးစက်မှုက နိုင်ငံတကာကို ထပ်မံကူးစက်မယ့် ဖြစ်နိုင်ခြေ နောက်ဆက်တွဲတွေ ရှိတယ်လို့ WHO က ညွှန်ချုပ် ဒေါက်တာ မာဂရက်ချန်းက အီဘိုလာအရေးပေါ် ကော်မတီ အစည်းအဝေးမှာ ပြောပါတယ်။ ဆက်လက်ပျံ့နှံ့နေဆဲ အီဘိုလာဗိုင်းရပ်စ်ကို ပိုပြီး သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ရင်ဆိုင်ဖြေရှင်းရလိမ့်မယ်လို့ အာဖရိကသမဂ္ဂရဲ့ သဘာပတိ နီကိုးစာဇာလာ ဒလာမီနီ ယူးမားက နိုင်ငံတကာလူ့အဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ သြဂုတ်၇ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ နီကိုးစာဇာလာ ဒလာမီနီ ယူးမားက “လူတွေက ဗဟုသုတလည်း မရှိ နားလည်း မလည်ကြဘူး ထင်တယ်။ ဆေးရုံကို ဘယ်အချိန်သွားရတယ်ဆိုတာကိုတောင် နားမလည်ဘူး။ ဆရာဝန်တွေကို အာကာသထဲက လူတွေလို မြင်နေတယ်။ သတင်း အချက်အလက်တွေ ပိုပေးသင့်ကြောင်း တွန်းအားပေးသင့်တယ် ထင်တယ်”လို့ ပြောပါတယ်။ [caption id="attachment_61948" align="alignright" width="275"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]နိုင်ဂျီးရီးယားကျန်းမာရေးဝန်ကြီးကတော့ အီဘိုလာကူးစက်မှုဟာ အာဖရိကနိုင်ငံတွေမှာသာမက တကမ္ဘာ့လုံးမှာ ဘေးအန္တရာယ်ရှိတယ်လို့ သြဂုတ် ၇ ရက်နေ့က သံတမန်တွေနဲ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးပြောဆိုပါတယ်။ အရင်လက အမေရိကန်နိုင်ငံသား ပက်ထရစ် ဆောယာဟာ နိုင်ဂျီးရီးယားလေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ အီဘိုလာကူးစက်မှုနဲ့ သေဆုံးခဲ့တာပါ။ သူဟာ ကာလာဘာမြို့မှာကျင်းပတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးဖိုရမ် အစည်းအဝေးတခုကို တက်ရောက်ပြီး ကူးစက်လာတာ ဖြစ်နိုင်တဲ့အတွက် တကမ္ဘာ့လုံးမှာ ဘေးအန္တရာယ်ရှိတယ်လို့ နိုင်ဂျီးရီးယား ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ မတ်လက ဂီနီနိုင်ငံရဲ့ ဝေးလံသီခေါင်တဲ့ သစ်တောဒေသတွေမှာ စတွေ့ခဲ့တဲ့ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာပြီး အိမ်နီးချင်း ဆီရီယာလီယွန်နဲ့ လိုင်ဘေးရီးယားတွေမှာ ကူးစက်မှုအမြန်ဆုံး ဖြစ်ခဲ့ပါတယ်။ ခုတော့ ကူးစက်မှု ၇၀ ရာခိုင်နှုန်းကို တွေ့ရတဲ့ နယ်စပ်ဒေသတွေကို အာဏာပိုင်တွေက တပ်ချ ကန့်သတ်လိုက်ပါတယ်။ ကမ္ဘာ့လူ့အဖွဲ့အစည်းဟာ လူကို အသေစေနိုင်ဆုံး ရောဂါပြန့်ပွားမှုကို လုံလောက်အောင် မြန်မြန် မတုံ့ပြန်ခဲ့ဘူးလို့ ပြောပါတယ်။ ဒီရောဂါပိုးဟာ ကူးစက်ခံရရင် ခေါင်းကိုက်၊ ဖျားနာပြီး ကိုယ်လက်နာကျင်တာတွေ စဖြစ်တဲ့အတွက် ကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းဟာ နောက်ဆုံးအဆင့်မှာ အော့အန် ၀မ်းသွားပြီး ကိုယ်တွင်းနဲ့ ကိုယ်ပြင် သွေးထွက် သေဆုံးလေ့ ရှိပါတယ်။ လောလောဆယ်မှာတော့ ကူးစက်ခံရပြီးနောက် သေဆုံးမှုနှုန်း ၅၅ ရာခိုင်နှုန်း ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up