မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသည် ၅ သိန်းခန့် တိုးတက်ဝင်ရောက်
DVB
·
August 8, 2014
မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသည်ဝင်ရောက်မှုဟာ မနှစ် ၂၀၁၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၄ခုနှစ်၊ ဇူလိုင်လကုန်အထိ ခရီးသည် ၅ သိန်းကျော် တိုးတက်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ရေးသားဖော်ပြလိုက်ပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလကနေ ဇူလိုင်လကုန်အထိ နိုင်ငံခြားသားခရီးသည် ၁ သန်းကျော် ၀င်ရောက်ခဲ့ပြီး အခု ၂၀၁၄ ခုနှစ်မှာတော့ အလားတူကာလမှာ ၁ သန်း ၆ သိန်းကျော် ၀င်ရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးသည်ဝင်ရောက်မှု အရေအတွက်ဟာ နိုင်ငံတကာလေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်က ၀င်ရောက်လည်ပတ်ခဲ့ကြတဲ့ အရေအတွက် စုစုပေါင်း ဖြစ်ပြီး ဟိုတယ်ခရီးဌာနဟာ ဒီနှစ်ထဲ ခရီးသည် ၃ သန်းလောက် လာရောက်လည်ပတ်ဖို့ မျှော်မှန်း ထားပါတယ်။