သထုံမြို့နယ် ရပ်ကွက်အချို့ အဆိုးဝါးဆုံး ရေကြီး (ဓာတ်ပုံ)
DVB
·
August 7, 2014
မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး တောင်ကျရေများကြောင့် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ရှိ ရပ်ကွက် ၆ ခုထက်မနည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပါတယ်။ အနီးအနားရှိ ရွာများ နစ်မြုပ်ခဲ့ပြီး လူ ၁ ထောင်ကျော်ခန့် ရေဘေး အန္တရာယ် ကျရောက်ခဲ့ပါတယ်။
သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းက မိုးရွာသွန်းခဲ့သောကြောင့် သုဝဏ္ဏဝတီမြို့အနီးရှိ သက္ကတောင်ပေါ်မှ တောင်ကျရေများအရှိန်ဖြင့် စီးဝင်ခဲ့ပြီးကျိုက်ကော်ချောင်း ရေကြီးမှုဖြစ်ကာ မြို့အတွင်းရှိ ဈေးများ၊ စာသင်ကျောင်းများနဲ့ လူနေအိမ်များ ရာစုနှစ် တခုအတွင်း အဆိုးဝါးဆုံး နစ်မြုပ်ခဲ့ရခြင်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ရန်နောင်ထွန်း
[gallery ids="61808,61809,61810,61811,61812,61813,61814"]