A d v e r t i s e m e n t With Us

သထုံမြို့နယ်​ ရပ်ကွက်အချို့ အဆိုးဝါးဆုံး ​ရေကြီး​​ (ဓာတ်ပုံ)

မွန်​ပြည်နယ်​တွင်​ မိုးသည်းထန်​စွာရွာသွန်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ​တောင်​ကျ​ရေများ​ကြောင့် သထုံမြို့နယ်​ သုဝဏ္ဏဝတီမြို့ရှိ ရပ်​ကွက်​ ၆ ခုထက်​မနည်း​ ​ရေကြီးနစ်​မြုပ်​မှုဖြစ်​​ပေါ်ခဲ့ပါတယ်။ အနီးအနားရှိ ရွာများ နစ်​မြုပ်​ခဲ့ပြီး လူ ၁ ထောင်​​ကျော်​ခန့်​ ​ရေ​ဘေး အန္တရာယ်​ ကျ​ရောက်​ခဲ့ပါတယ်။ သြဂုတ်​လ ၅ ရက်​​နေ့ မနက်​ပိုင်းက​ မိုးရွာသွန်းခဲ့​သော​ကြောင့်​ သုဝဏ္ဏဝတီမြို့အနီးရှိ သက္က​တောင်​​ပေါ်မှ ​တောင်​ကျ​ရေများအရှိန်​ဖြင့်​ စီးဝင်​ခဲ့​ပြီး​ကျိုက်​​ကော်​​ချောင်း ​ရေကြီးမှုဖြစ်​ကာ မြို့အတွင်းရှိ ​ဈေးများ၊ စာသင်​​ကျောင်းများနဲ့ လူ​နေအိမ်​များ ​ရာစုနှစ်​ တ​ခုအတွင်း အဆိုးဝါးဆုံး နစ်​မြုပ်​ခဲ့ရခြင်း ဖြစ်​ပါတယ်။ ဓာတ်ပုံ - ရန်နောင်ထွန်း [gallery ids="61808,61809,61810,61811,61812,61813,61814"]

A d v e r t i s e m e n t With Us

More News
Up