ခမာနီထိပ်တန်းခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်

ကမ္ဘောဒီးယားနိုင်ငံတွင်းက ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားတဲ့ စစ်ရာဇ၀တ်မှု တရားရုံးက သက်ရှိထင်ရှား ကျန်နေသေးတဲ့ ခမာနီထိပ်တန်းခေါင်းဆောင် ၂ ဦးကို သြဂုတ် ၇ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ Cambodia၁၉၇၀ ပြည့်လွန်နှစ်တွေက ခမာနီလူသတ်ကွင်း တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက် လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့လို့ ခုလို စီရင်လိုက်တာပါ။ သမ္မတဟောင်း ခီးယူဆန်ဖန်နဲ့ အမျိုးသားညီလာခံဥက္ကဋ္ဌ အကိုတော်နံပါတ် ၂ လို့ နာမည်ကြီးတဲ့ နိုးအွန်ချီတို့ဟာ အစွန်းရောက်မော်ဝါဒီ တော်လှန်ရေးရဲ့ အစိတ်အပိုင်းအနေနဲ့ ခမာနီအစိုးရ စီစဉ်တဲ့ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှု၊ လူသတ်မှု၊ ကွပ်မျက်မှုတွေအတွက် ကြံရာပါ ဖြစ်ခဲ့တယ်လို့ တရားသူကြီး နေးလ်နွန်းက ပြောပါတယ်။ ဒီစီရင်ချက်ဟာ ၉ နှစ်ကြာ တရားစီရင်မှုရဲ့ ဒုတိယမြောက်လည်း ဖြစ်ပါတယ်။ ခမာနီအစိုးရလက်အောက်မှာ လူ ၁ ဒသမ ၇ သန်းကနေ ၂ ဒသမ ၂သန်းကြား နိုင်ငံလူဦးရေရဲ့ ၄ ပုံ ၁ ပုံ သေဆုံးခဲ့ရတယ်လို့ ယုံကြည်ကြပါတယ်။ ပိုပေါ့ခေါင်းဆောင်တဲ့ ခမာနီအစိုးရဟာ ကမ္ဘောဒီးယားကို လယ်သမားတွေရဲ့ စိတ်ကူးယဉ်ဘုံ ဖြစ်အောင် ပြောင်းဖို့ ကြိုးစားခဲ့တာပါ။ နိုးအွန်ချီနဲ့ ခီးယူဆမ်ဖန်တို့ကို တရားစီရင်မှုကတော့ မပြီးသေးဘဲ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ သီးခြားတရားရင်ဆိုင်နေဆဲပါ။ အစောပိုင်းကတော့ ခုခံလျှောက်လဲသူ ၄ ယောက် ရှိခဲ့ပါတယ်။ သူတို့ထဲက နိုင်ငံခြားရေးဝန်ကြီးဟောင်း ယန်စာရီဟာ ဒီနှစ် အစောပိုင်းက သေဆုံးပြီး သူဇနီးဖြစ်သူ လူမှုဝန်ထမ်းဝန်ကြီးဟောင်း ယန်သိရစ်သ်ကတော့ အယ်ဇိုင်းမားရောဂါကြောင့် တရားရုံး မတက်နိုင်လောက်အောင် မကျန်းမမာ ဖြစ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up