လူသားထုကို ခြိမ်းခြောက်လာသည့် အီဘိုလာရောဂါကို တကမ္ဘာလုံး တိုက်ဖျက်ရန် ဆော်သြ

အမေရိကန်-အာဖရိက ထိပ်သီး ဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့ အာဖရိက ခေါင်းဆောင်တွေက အီဘိုလာဘိုင်းရပ်ဟာ လူသားထုအပေါ် ခြိမ်းခြောက်မှုတရပ်ဖြစ်နေတာကြောင့် ကမ္ဘာလုံးအတိုင်းအတာနဲ့ တုံ့ပြန်ဖို့ လိုအပ်နေတယ်လို့ ဆော်သြလိုက်ပါတယ်။ ebola2.jpg_1718483346“ဒီရောဂါဟာ အာဖရိကတိုက်မှာပဲ ဖြစ် တဲ့ ရောဂါမဟုတ်ပါဘူး၊ ကမ္ဘာ့လူသားထု တရပ်လုံး ကို ခြိမ်းခြောက်နေ ပါတယ်” လို့ ဆီနီဂေါသမ္မတ မက်ကီဆဲလ်က အာဖရိက ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒီရောဂါကို တိုက်ဖျက်တဲ့နေရာမှာ ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံး၊ ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေအားလုံး၊ သုတေသီတွေအားလုံး ၀ိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကလည်း အီဘိုလာ ဘိုင်းရပ်စ်ကို ရင်ဆိုင်တဲ့နေရာမှာ အာဖရိက ပြဿ    နာလို့ မရှုမြင်ကြဘဲ လူသားထုတရပ်လုံးကို ဒုက္ခပေးနေတဲ့ ရောဂါအနေနဲ့ ရှုမြင်ကြဖို့ ဆော်သြလိုက်ပါတယ်။ အီဘိုလာရောဂါကြောင့် အာဖရိကတိုက်မှာ ဖေဖော်ဝါရီလကစလို့ လူပေါင်း ၉၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ လောလောဆယ် သေဆုံးနှုန်းက ရောဂါဖြစ်ပွားသူတွေထဲက ၆၀ ရာခိုင်နှုန်း ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အမေရိကန်-အာဖရိက ထိပ်သီးအစည်းအဝေးကို အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မှာ သြဂုတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အာဖရိက နိုင်ငံပေါင်း ၅၀ နီးပါး ခေါင်းဆောင်တွေ တက်ရောက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up