Home
မြန်မာသတင်း
ဒေသဖွံ့ဖြိုးရေး ကေအန်ယူနှင့် ဂျပန်အကူအညီပေးရေးအဖွဲ့များ တွေ့ဆုံ
နော်နိုရင်း
·
August 5, 2014
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ တပ်ရင်းတွေက ခေါင်းဆောာင်တချို့ဟာ ဒေသဖွံ့ဖြိုးရေးအတွက် ဂျပန်က ပေးအပ်မယ့် အကူအညီတွေနဲ့ ပတ်သက်ပြီး ဂျပန်အန်ဂျီအို၊ သံရုံးတာဝန်ရှိသူတွေနဲ့ ရန်ကုန်မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။ [caption id="attachment_61681" align="alignright" width="300"]တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - Nyo Ohn Myint) တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ - Nyo Ohn Myint)[/caption] ဂျပန်သံရုံးတာဝန်ရှိ သူတွေ၊ နီပွန်ဖောင်ဒေးရှင်းက တာဝန်ရှိသူတွေနဲ့ ဂျပန်အကူအညီပေးရေး အဖွဲ့တွေက လက်ရှိ ကရင်ပြည်နယ်အတွင်း အခက်အခဲရှိနေတဲ့  ကရင်လူထုကို ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို လေ့ လာတဲ့ အနေ နဲ့ ကေအန်ယူ နဲ့ တွေ့ဆုံဆွေးနွေးမေးမြန်းတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကေအန်ယူ မြိတ်ထားဝယ်ခရိုင်၊ ဒူးပလာယာခရိုင်နဲ့ ဘားအံခရိုင်က တာဝန်ရှိသူတွေ တက်ရောက်ပြီး သူတို့ဒေသမှာ လက်ရှိလိုအပ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ကေအန်ယူ ဗဟိုကော်မီတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ ဂျပန်အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ သူတို့ကူညီချင်လို့ လက်ရှိ ကရင်ပြည်နယ်တွင်းက လူထုလိုအပ်ချက် အခြေအနေတွေကိုသိရဖို့ ဖိတ်ခေါ်တာလို့ ပြောပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကတော့ တဖက်က လိုအပ်ချက်ကို တဖက်က ကူညီနိုင်ဖို့အတွက် ကမကထလုပ် ချိတ်ဆက်ပေးတာလို့ ပြောပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဂျပန်ယန်းငွေ သန်း ၉၁၀၀၀ အကူအညီ ပေးသွားမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးက ပြီးခဲ့တဲ့ မေလ မြန်မာနိုင်ငံကို လာရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကဏ္ဍမှာ အဓိကထားကူညီသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေအတွက်လည်း အကူအညီပေးနေပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024