ရခိုင်ပြည်နယ်တွင် ဂျပန်ဦးနှောက်အမြှေးပါးရောင် ရောဂါကြောင့် ကလေး ၈ ဦး သေဆုံး
DVB
·
August 5, 2014
ရခိုင်ပြည်နယ်မှာ ဂျပန်ဦးနှောက် အမြှေးပါးရောင်ရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၈ ဦး သေဆုံးသွားတယ်လို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးစိုးထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ်လ ၄ ရက်အထိ ဂျပန်ဦးနှောက် အမြှေးပါးရောင်ရောဂါဖြစ်ပွားပြီး စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးငယ်ပေါင်း ၃၉ ဦးရှိပြီး ဒီထဲက ၈ ဦး သေဆုံးသွားတာလို့ ပြောပါတယ်။ ကလေးငယ်အားလုံးဟာ ၁၂ နှစ် အောက်ကလေးငယ်တွေလို့ ဆိုပါတယ်။
ဒီရောဂါ အဓိက ဖြစ်ပွားရတဲ့ အကြောင်းအရင်းဟာ ပတ်ဝန်းကျင်သန့်ရှင်းမူမရှိတာနဲ့ ရေးဆင်းရေလာ မကောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
အဆိုပါ ဂျပန်ဦးနှောက် အမြှေးပါးရောင်ရောဂါဟာ ရခိုင်ပြည်နယ်အတွင်း ဒေသတချို့မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့အပြင် မင်းပြားမြို့နယ်နှင့် ကျေးလက်တောရွာတချို့မှာလည်း ဒီရောဂါဖြစ်ပွားနေပါတယ်။