တင့်ကားချင်း စီးချင်းထိုးသည့် ကမ္ဘာ့ချန်ပီယံလုပွဲ

မွန်ဂိုလီးယားအသင်း ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
တင့်ကားချင်းစီးချင်းထိုးတဲ့ ကမ္ဘာ့ချန်ပီယံလုပွဲကို ရုရှားနိုင်ငံမြို့တော် မော်စကိုနားက စစ်ရေး လေ့ကျင့်ရာနေရာမှာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က စတင်ကျင်းပနေပါတယ်။ [caption id="attachment_61659" align="alignright" width="300"]မွန်ဂိုလီးယားအသင်း ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ) မွန်ဂိုလီးယားအသင်း ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)[/caption] အရင် ဆိုဗီယက်ပြည်ထောင် စု လက်အောက်ခံဖြစ်ခဲ့ တဲ့ နိုင်ငံအများအပြား က ပါဝင် ယှဉ်ပြိုင်နေကြပြီး ရုရှားနဲ့ ယူကရိန်းကြား ဆက်ဆံရေး ပိုဆိုးလာနေချိန်မှာ ဒီပွဲကို ကျင်းပတာ ဖြစ် ပါတယ်။ ဒီနှစ်မှာတော့ အင်ဂိုလာ၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တရုတ်၊ ကူဝိတ်၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ ဆားဘီးယားနိုင်ငံ စတဲ့ ၁၂ နိုင်ငံက ပြိုင်ပွဲ ၀င်ခဲ့ပါတယ်။ တရုတ်နိုင်ငံက T-96 တင့်ကားကို သုံးပြီး ကျန်တဲ့နိုင်ငံတွေ အားလုံးကတော့ T-72 တင့်ကားကို သုံးခဲ့ကြပြီး အခက်အခဲကျော်လွှားမှုနဲ့ အပစ်အခတ် တိကျမှုတို့ကို ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ မြေပြင်နဲ့ ဝေဟင်က ပစ်မှတ်တွေကို အဓိက သေနတ်နဲ့ရော၊ စက်သေနတ်နဲ့ပါ ထိမှန်အောင် ပစ်ခတ် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ မီဒီယာတွေက အစီရင်ခံခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up