Home
မြန်မာသတင်း
ထိုင်းတနိုင်ငံလုံး သြဂုတ် ၄ ရက်ကစပြီး အလုပ်သမားကတ် လုပ်ပေးမည်
ရွှေအောင်
·
August 3, 2014
ထိုင်းစစ်ကောင်စီက မြန်မာ အပါအ၀င် ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား အားလုံးကို သြဂုတ် ၄ ရက်စပြီး တနှစ်သက်တမ်းရှိ အလုပ်သမားကတ်တွေ လုပ်ဆောင်ပေးတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရှေ့ပြေးစမ်းသပ်တဲ့အနေနဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ အလုပ်သမားကတ်တွေ တနေရာထဲအပြီး လုပ်ဆောင်ပေးခဲ့ပြီးတဲ့နောက် အခု တနိုင်ငံလုံးမှာ လုပ်ဆောင်ပေးတော့မယ်လို့ ကြေညာခဲ့တာဖြစ်တဲ့အကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။ [caption id="attachment_61555" align="alignright" width="300"]၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ထုတ်ပေးခဲ့သည့် အလုပ်လုပ်ခွင့်လက်မှတ် (ဓာတ်ပုံ - Saw Ehkaw Jet) ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ထုတ်ပေးခဲ့သည့် အလုပ်လုပ်ခွင့်လက်မှတ်
(ဓာတ်ပုံ - Saw Ehkaw Jet)[/caption]“မူလက စမွန်စာခွန်း ၁ နေရာထဲစလုပ်ခဲ့တယ်။ အဲဒါပြီးမှ ဇူလိုင်လ ၇ ရက်နေ့က စပြီး ဘန်ကောက်မြို့နယ် တခွင် ၆ မြို့နယ် နောက်တခါ တောင်ပိုင်းဒေသ အပါအ၀င် ပြည်နယ် ၇ ခု ဆိုပြီး အဲဒီလို လုပ်လိုက်တယ်။ လုပ်ရမယ့်နေရာတွေ များတဲ့အတွက် အခုတခါ သြဂုတ်လကစတင်ပြီး တပြိုင်နက်ထဲကို ဆက်တိုက်အလုပ်ပေးသွားမယ်လို့ ပြောပါတယ်။ အဲဒါက ဘယ်အချိန်အထိလဲဆိုတော့ ၂၀၁၅ မတ်လ အကုန်အထိ အကုန်လုံးကို လုပ်သွားမယ်။ ဆိုလိုတဲ့ သဘောက တနိုင်ငံလုံးမှာ တရားမ၀င်အလုပ်သမား မရှိစေရဆိုတဲ့ စီမံကိန်းနဲ့ သွားတာပါခင်ဗျ။” ရှေ့ပြေးစမ်းသပ်လုပ်ပေးခဲ့တဲ့ မဟာချိုင်ဘက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ သောင်း လောက် အလုပ်သမားကဒ်ရခဲ့ကြတယ်လို့လည်း ပြောပါတယ်။ အလုပ်သမားကတ်လုပ်ဖို့ ဘတ်ငွေ ၃၀၈၀ ကုန်ကျမှာဖြစ်ပြီး တနေရာထဲမှာ နာရီပိုင်းအတွင်း လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အလုပ်သမားရဲ့ မှီခိုသူမိသားစုတွေကတော့ ဘတ် ၂၀၀၀ ကျော်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ အလုပ်သမားကတ်သက်တမ်း တနှစ်အတွင်း ၂ နိုင်ငံအစိုးရ တာဝန်ရှိသူတွေက နိုင်ငံသားစိစစ်ပြီးရင် ယာယီနိုင်ငံကူးလက်မှတ်တွေ ဆက်လုပ်ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲရှိ အလုပ်သမားအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကုလအဖွဲ့တို့ရဲ့ စာရင်းဇယားတွေအရ ထိုင်းမှာ မြန်မာအလုပ်သမား ၃ သန်းကျော်ရှိပြီး အလုပ်သမားကတ် မလုပ်ရသေးတဲ့ အလုပ်သမား ၁ သန်းလောက်ကျန်ရှိနေသေးတယ်လို့ ခန့်မှန်းထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024