တရုတ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူ ၉ ဦးကို အသေဖမ်းဆီး

တရုတ်နိုင်ငံ အနောက်မြောက်ဒေသက ရှင်ကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေမှာ အကြမ်းဖက်သမားလို့ သံသယရှိသူ ၉ ယောက်ကို ရဲက အသေဖမ်းခဲ့ပြီး တယောက်ကို အရှင်ဖမ်းမိတယ်လို့ နယ်မြေခံ ရဲအဖွဲ့က ပြောပါတယ်။ Chinaအဲဒီအဖွဲ့ကို ဇူလိုင်လ ၂၇ ရက်နေ့က ဖော်ထုတ်ခဲ့ပြီး သူတို့ကို ခြေရာခံတဲ့ နေရာမှာ နယ်ခံ တွေကလည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၁ ရက်နေ့ နေ့ခင်း ၁၂ နာရီ ၁၅ မိနစ် အချိန်မှာ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို ပြောင်းခင်းတခုမှာ ခြေရာခံမိခဲ့တယ်လို့ ဆိုပါတယ်။ နယ်ခံပြည်သူ ၃ သောင်းကျော်ရဲ့ အကူအညီနဲ့ ရဲအဖွဲ့က သံသယရှိသူတွေကို လူမနေတဲ့ အိမ်ဟောင်း တခုမှာ ဖမ်းဖို့ ကြိုးစားတဲ့အခါမှာ သူတို့က အဖမ်းမခံဘဲ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုပါတယ်။ ရဲက ပြန်လည် ပစ်ခတ်တဲ့အခါ အကြမ်းဖက်သမားလို့ သံသယရှိသူ ၉ ယောက် သေဆုံးခဲ့ပါတယ်၊ ရဲအဖွဲ့နဲ့ ကူညီတဲ့ ပြည်သူတွေဘက်က ဒဏ်ရာရတာ မရှိခဲ့ပါဘူးလို့ နယ်မြေခံ ရဲအဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up