Home
သတင်းတို
အမတ်များကို အသုံးစရိတ် ကျပ် ၄ သိန်းစီ ထုတ်ပေး
DVB
·
July 31, 2014
parlimentပြည်သူ့လွှတ်တော်ဟာ လွှတ်တော်ရပ်နားထားစဉ်အတွင်း အမတ်တွေအနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှာ လွှတ်တော်ဆိုင်ရာကိစ္စတွေ ဆောင်ရွက်ဖို့ ကျပ်ငွေ ၄ သိန်းစီ ထုတ်ပေးတယ်လို့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ဒီ အသုံးစရိတ်တွေကို စာရင်းစစ်ချုပ်ရုံးက ပြန်ပြီး စစ်ဆေးနိုင်ဖို့အတွက် စာရင်းဇယား ပြုစုပြီး တင်ပြရမယ်လို့လည်း သူက ရှင်းပြပါတယ်။ ကျင်းပပြီးသွားပြီဖြစ်တဲ့ လွှတ်တော်အစည်းအဝေး ကာလအတွင်း အမတ်တွေက သူတို့ လစာ နည်းတဲ့အကြောင်းနဲ့ နယ်ဆင်းပြီး လွှတ်တော်ဆိုင်ရာကိစ္စ ရှင်းလင်းတဲ့အခါ ကုန်ကျစရိတ်များစွာ ရှိတဲ့အကြောင်း လွှတ်တော်ကို တင်ပြပြီး လစာတိုးပေးမယ့် ဥပဒေပြုဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုတာနဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အောက်မှာပဲ ရှိတယ်လို့ ဆိုပြီး သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာ ပေးပို့ပြီး ကန့်ကွက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024