မန်စီးတီးတွင် ကာလရှည်နေမည်ဟု ယာယာတိုရေး ပြော

ဓာတ်ပုံ - ရိုက်တာ
1.4K
[caption id="attachment_61368" align="alignright" width="300"]
ဓာတ်ပုံ - ရိုက်တာ[/caption]မန်စီးတီး အသင်းမှာ ကာလာကြာရှည် နေဖို့ ဆုံးဖြတ်ထားတယ်လို့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမား ယာယာ တိုရေးက ပြောဆိုလိုက်ပါတယ်။
သတင်းတွေမှာတော့ စီးတီးက သူ့အပေါ်မှာ တလေးတစား မရှိတဲ့အတွက် အသင်းမှာ နေရတာ ပျော်ရွှင်မှု မရှိဘူးဆိုပြီး ရေးသားတာတွေလည်း ရှိနေပါတယ်။
အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ် အောင် အဓိကနေရာကနေ ကူညီထားပါတယ်။
တိုရေးဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၃ နှစ်လုံးမှာ အာဖရိကရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ဆက်တိုက် ရရှိထားပါတယ်။
