မြို့ပြရောက် ကျောင်းသားများကို မသင်မနေရပညာရေး တရုတ်အစိုးရ ကမ်းလှမ်း

ဓာတ်ပုံ - ရိုက်တာ
တရုတ်အစိုးရဟာ ကျေးလက်ဒေသတွေကနေ မြို့ပြကို မိဘတွေနဲ့အတူ ပြောင်းရွှေ့လာတဲ့ ကျောင်းသားတွေအတွက် မသင်မနေရပညာရေးကို ဆက်လက်ကမ်းလှမ်းမယ်လို့ ပညာရေးဝန်ကြီးဌာန အရာရှိတဦးက ဇူလိုင် ၃၀ ရက်နေ့က ပြောပါတယ်။ [caption id="attachment_61351" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ၂၀၁၃ နှစ်ကုန်မှာ တရုတ်နိုင်ငံတွင်း ၉ နှစ်တာ မသင်မနေရ ပညာရေးအတွက် ရွှေ့ပြောင်းကျောင်းသား ၁၂ ဒသမ ၇၇ သန်း ရှိတယ်လို့ ပညာရေးဒုဝန်ကြီး လျူလီမင်က ပြောပါတယ်။ ရွှေ့ပြောင်းကျောင်းသားတွေ ပြည်သူပိုင်ကျောင်းတွေမှာ မသင်မနေရပညာရေးကို တက်ရောက်ခွင့်ရဖို့ ကျနော်တို့ အာမခံတယ်လို့ လျူက အစိုးရကောင်စီက ကျင်းပတဲ့ အိမ်ထောင်စုစာရင်း မှတ်ပုံတင်စနစ် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်ပညာရေးစနစ်အရ မူလတန်း ၆ နှစ်နဲ့ အလယ်တန်း ၃ နှစ်သတ်မှတ်ထားတာပါ။ သူတို့ထဲက ၈၃ ဒသမ ၅ ရာခိုင်နှုန်းကတော့ နိုင်ငံတော်ဘဏ္ဍာနဲ့ ရန်ပုံငွေပေးတဲ့ မသင်မနေရ ပညာရေးကို ရယူနေပါတယ်။ ရွှေ့ပြောင်းကျောင်းသားအရေအတွက်ဟာ တနိုင်ငံလုံးက မသင်မနေရ ပညာရေးစနစ်အောက်က ကျောင်းသားဦးရေရဲ့ ၉ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါ့အပြင် ၀န်ကြီးဌာနဟာ ရွှေ့ပြောင်းကျောင်းသားတွေ မသင်မနေရ ပညာရေးစနစ်ပြီးရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေခွင့်ပြုမယ့် မူဝါဒတွေကို တိုးမြှင့် အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံတွင်း ပြည်နယ် ၃၄ ခုထဲက ၂၈ ခုမှာ ရွှေ့ပြောင်းကျောင်းသားတွေကို ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့ ခွင့်ပြုခဲ့ပြီးပါပြီ။ တရုတ်နိုင်ငံသားတွေအတွက် မွေးရပ်ဇာတိကို တရားဝင်မှတ်တမ်းတင်မှုအပေါ် အခြေတည်ပြီး အိမ်ထောင်စုစာရင်းရှိရာဒေသအတွက် ပင်စင်လစာ၊ ကျန်းမာရေးအာမခံနဲ့ ပညာရေးခံစားခွင့်တွေကို အကြီးအကျယ် စည်းကမ်းကန့်သတ်ထားတာပါ။ လောလောဆယ်မှာတော့   ပညာရေးဝန်ကြီးဌာနက အသက်မွေးမှု ပညာသင်ကျောင်းသားတွေကို ပိုပြီး အခမဲ့ပညာရေးကမ်းလှမ်းမှာပါ။  ၂၀၀၉ ခုနှစ်မှာ ဒီမူဝါဒကို စတင်ကျင့်သုံးပြီး ၂၀၁၂ မှာတော့ သက်မွေးမှုပညာသင်ကျောင်းသား ၉၀ ရာခိုင်နှုန်းက မူဝါဒရဲ့ အကျိုးကျေးဇူးကို ခံစားခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up