အော်ရီဂီကို ပေါင် ၁၀ သန်းဖြင့် လီဗာပူးခေါ်ယူပြီး လိုင်လီအသင်းထံ ပြန်အငှားချ

origi_laurent_dubrule_reutersလီဗာပူးအသင်းက လိုင်လီ တိုက်စစ်မှူး အော်ရီဂီကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ သ ဘောတူညီချက် ရသွားပါတယ်။ အသက် ၁၉  နှစ်အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို ၅ နှစ် စာချုပ်နဲ့ ပြင်သစ်ကလပ် လိုင်လီကနေ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးက အော်ရီဂီကို လိုင်လီအသင်းဆီ တနှစ်စာချုပ်နဲ့ အငှား ပြန်လည်ချထားလိုက်ပါတယ်။ အောရီဂီက “အသင်းကြီးမှာ ကစားခွင့် ရရေးက ကျနော့်ရဲ့ အိမ်မက်ပါ။ လီဗာပူးက သမိုင်း ကြောင်း အစဉ်အလာ ကြီးတဲ့ အသင်းဆိုတာ သိပါတယ်။ ကျနော့်အတွက်တော့ ပြည့်စုံသွားပါပြီ” ပြောပါတယ်။ တိုက်စစ်မှူး အော်ရီဂီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်တဦးဖြစ်ပြီး ဘရာဇီး ကမ္ဘာ့ဖလား ပြိုင် ပွဲမှာ ကွာတားဖိုင်နယ် ရောက်တဲ့အထိ ပွဲတိုင်း ပါဝင် ကစားခွင့် ရခဲ့ပါတယ်။ သူဟာ လီဗာပူးကနေ ဒီရာသီထဲမှာ ၆ ယောက်မြောက် ခေါ်ယူခြင်း ခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အော်ရီဂီဟာ ပြီးခဲ့တဲ့ ရာသီမှာ လိုင်လီအတွက် ၃၅ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up