ပြန်ပေးဆွဲခံရသည့် ကားလို့စ်တီဗက်ဇ်၏ ဖခင် ပြန်လွတ်

ဂျုဗင်တပ် တိုက်စစ်မှူး ကားလို့စ် တီဗက်ဇ်ရဲ့ ဖခင်ဖြစ်သူဟာ အာဂျင်တီးနား နိုင်ငံ ဗျိုနိုအဲရက်စ်မှာ ၈ နာရီကျော်ကြာ ပြန်ပေးဆွဲခံရပြီးနောက် ပြန်လွတ်မြောက်ခဲ့ပါတယ်။ dailymail.co.ukအာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးဟောင်း တီဗက်ဇ်ရဲ့ ဖခင်ဖြစ်သူ ဆီဂန် ဒို တယ်ဗက်ဇ်ဟာ ဗျုနိုအဲရစ်ကနေ အနောက်ဘက် ကီလိုမီတာ ၃၀ အကွာမှာ ကား မောင်းနေတုန်း လူတစုရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။ ပြန်ပေးဆွဲသွားတဲ့ လူတွေက တီဗက်ဇ်ရဲ့ မိသားစုဆီကို ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုပြီး ငွေတောင်းခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆုထားပါတယ်။ ဒေသခံ မီဒီယာတွေကတော့ တီဗက်ဇ်ဖခင် လွတ်မြောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ သောင်း ၀န်းကျင်လောက် ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့နဲ့ မိသားစုကတေ့ ငွေပေးခဲ့ရတာလို့ အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။ အခုကိစ္စအတွက် ဂျုဗင်တပ်အသင်းက တီဗက်ဇ်ကို အာဂျင်တီးနား ပြန်ခွင့် ပေးခဲ့ပေမယ့် ဖခင်ဖြစ်သူ လွတ်မြောက်လာတဲ့အတွက် နေရပ်ကို မပြန်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ အာဂျင်တီးနားမှာ နာမည်ကြီး ဘောလုံးသမားတွေရဲ့ မိသားစုဝင်တွေ ပြန်ပေးဆွဲခံရ တာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်တုန်းကလည်း ဘာစီလိုနာ ကစားနေတဲ့ ကွင်းလယ်သမား ရီကွယ်မီးရဲ့ အစ်ကိုဖြစ်သူ ပြန်ပေးဆွဲခံခဲ့ရပြီး ဒေါ်လာ ၁ သိန်း ၆ သောင်းပေးမှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up