A d v e r t i s e m e n t With Us

ဇူလိုင် ၃၁ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

ဇူလိုင် ၃၀ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပါတယ်။ ကပ္ပလီပင်လယ်ပြင်၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ တယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၅ ပေကနေ ၇ ပေလောက်ထိမြင့်တက်နိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေကနေ ၈ ပေလောက် မြင့်တက်နိုင်ပါတယ်။ WEATHER31072014အပူရှိန်မြင့်တက်နိုင်မှုကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုး ၁၁ အောက်ကျရောက်နိုင်တာကတော့ ပုသိမ်မြို့၊ ပဲခူးမြို့၊ ဘားအံမြို့၊ ရန်ကုန်မြို့၊ စစ်တွေမြို့နဲ့ မြိတ်မြို့တို့ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံးကျရောက်နိုင်တဲ့ မြိတ်မြို့မှာ အညွှန်းကိန်းတန်ဖိုး ၇ ဒသမ ၄ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ လွန်ကဲအဆင့်ထက်မြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ ၁၁ ကနေ ၁၃ ကျော်အထိမြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ တောင်ကြီးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃ ဒသမ ၉ အထိ ကျရောက်နိုင်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ် ပေါ်နိုင်မှု ၅၅ ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၄၅ ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင်ပါတယ်။ မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာ ကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု အနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်မြောက်ပိုင်းတို့မှာ ၂၄ နာရီ အတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။ မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၁၀၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၁၀၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up