Home
မြန်မာသတင်း
အန်စီစီတီထိပ်သီးအစည်းအဝေး အပစ်ရပ်စာချုပ်မူကြမ်း ၇ ခန်းထိ ဆွေးနွေးပြီးစီး
ထွန်းထွန်းသိန်း
·
July 28, 2014
ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေး ၃ ရက်အပြီးမှာ အပစ်ရပ်စာချုပ်မူကြမ်း ၇ ခန်းထိ အကြမ်းဖျင်း ဆွေးနွေးပြီးစီးနေပါတယ်။ dvb4ဒီကနေ့ ၃ ရက်မြောက်ကျင်းပခဲ့တဲ့ အန်စီစီတီ အဖွဲ့ရဲ့ အစည်းအဝေးအပြီးမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး စာချုပ်မှာ ပါဝင်တဲ့ အခန်း ၇ ခန်းစလုံး ကို ဆွေးနွေးပြီးနေ တာပါ။ အန်စီစီတီအဖွဲ့ဝင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ အခန်း ၇ ခန်းစလုံးကို အကြမ်းဆွေးနွေးခဲ့ပြီး မရှင်းလင်းတဲ့အချက်တွေ အတည်ပြုပြီး အစိုးရကို ပြန်လည်မေးမြန်းသွားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒီကနေ့ ၃ ရက်မြောက် ကျင်းပတဲ့ အန်စီစီတီဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားအပါအ၀င် တရုတ်နိုင်ငံရဲ့ လက်ထောက်လူ့အခွင့်အရေးကိုယ်စားလှယ်၊ အေဘီအက်စ်ဒီအက် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) အဖွဲ့တို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို လာရောက်လေ့လာတဲ့ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် ၀မ်ယွန်းဖတ်ရဲ့ လက်ထောက်ဖြစ်တဲ့ တန်ယွန်းကတော့ အန်စီစီတီရဲ့ ဆွေးနွေးပွဲအောင်မြင်စေလိုပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး စာချုပ်ချုပ်နိုင်ဖို့ ဆုတောင်းတယ်လို့ ပြောပါတယ်။ လိုင်ဇာမြို့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့က စတင်ခဲ့ပြီး အစည်းအဝေးမှာတော့ အစိုးရနဲ့ အန်စီစီတီတို့ ရေးဆွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အခန်း ၁ အခြေခံမူဝါဒ နဲ့ ဝေါဟာရအသုံးပြုမူ၊ အခန်း ၂ အကြောင်းအရာ၊ အခန်း ၃၊ ၄ တပ်ပိုင်းဆိုင်ရာ အချက်တွေနဲ့ အခန်း ၅၊ အခန်း ၆၊ အခန်း ၇ မှာ ပါဝင်တဲ့အချက်တွေကို အကြမ်းဖျင်းဆွေးနွေးနိုင်ခဲ့တာပါ။ အကြမ်းဖျင်းဆွေးနွေးခဲ့တဲ့ အခန်း ၇ ခန်းကအချက်တွေကို ဇူလိုင် ၂၉ ရက်နေ့မှာ အကျဉ်းချုပ်သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ အန်စီစီတီရဲ့ ထိပ်သီးအစည်းအဝေးပြီးရင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ညီလာခံကိုလည်း လိုင်ဇာမြို့မှာ ဆက်လက်ကျင်းပဖို့ ရှိနေပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024