စစ်သွေးကြွများ၏ ဥမင်ကွန်ရက်ကို အစ္စရေး ဖောက်ခွဲ

အစ္စရေးတပ်တွေက ဂါဇာကနေ အစ္စရေးကို ဦးတည်ဖောက်လုပ်ထားတဲ့ စစ်သွေးကြွတွေရဲ့ ဥမင်လမ်းကြောင်းနေရာ ၂ ခု ဖောက်ခွဲနေပုံကို ရုပ်သံမှာ ဒီနေ့ ထုတ်လွှင့်လိုက်ပါတယ်။ ဒီနေ့ ကျင်းပမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်းပွဲတော်နေ့မှာ ၂၄ နာရီ အပစ်အခတ် ရပ်ဖို့ ကုလသမဂ္ဂက ဆော်သြထားလို့ တိုက်ပွဲတွေက အားလပ်ရက်အတွင်း နည်းပါးခဲ့ပါတယ်။ Israeli 1 copyအစ္စရေးနဲ့ ပါလက်စတိုင်းကြား ရက် ၂၀ ကြာ လက်နက်ကိုင်ပဋိပက္ခ အတွင်း ပါလက်စတိုင်း အယောက် ၁၁၀၀ နီးပါး သေဆုံးပြီး အစ္စရေး ၄၆ ယောက် သေဆုံး ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ပါလက်စတိုင်းတွေရဲ့ ဒုံးကျည်တ၀က်လောက် ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း၊ အစ္စရေး စစ်အင်ဂျင်နီယာတွေကလည်း ပိုင်နက်အတွင်းက ဥမင်အများစုကို နေရာရှာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီမြေလှန်တဲ့ အလုပ်တွေကိုတော့ ကာလတို အပစ်ရပ်ရေး ဘယ်လို အချိန်အောက်မှာမဆို ဆက်လုပ်မယ်လို့ အစ္စရေး ပြောပါတယ်။ အစ္စရေးဘက်က အပစ်ရပ်ခဲ့ပေမယ့် ဟားမတ်စ်အဖွဲ့ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကတော့ ဆက်ရှိနေဆဲလို့ ရိုက်တာစ်သတင်းဌာနက ရေးပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီခေါင်းဆောင်တဲ့ သံတမန်ရေး အားထုတ်မှုတွေကြောင့် တိုးတက်မှု လက္ခဏာ နည်းနည်းတော့ ရှိခဲ့ပြီး ယာယီအပစ်ရပ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းဘက်ကပါ ပြန်လည်ပေါင်းစည်းဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေတွေကို ကန့်သတ် တင်ပြခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up