ဝန်ထမ်းများ ပင်စင်အသက် မပြောင်းလဲဟုဆို

ပင်စင်စား အစိုးရ၀န်ထမ်းတဦး ပင်စင်ထုတ်နေစဉ်
731
[caption id="attachment_46684" align="alignright" width="300"]
ပင်စင်စား အစိုးရ၀န်ထမ်းတဦး ပင်စင်ထုတ်နေစဉ်[/caption]၀န်ထမ်းတွေပင်စင်ယူရမယ့်အသက်ကို အသက် ၆၀ ကနေ ၆၃ နှစ်ကို ပြောင်းလဲသတ်မှတ်မယ်ဆိုတာ မဟုတ်ဘူးလို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်သူက ဇူလိုင် ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲ တရားဝင် ပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အမတ် ဦးအုန်းငွေရဲ့ ၀န်ထမ်းပင်စင်စားတဲ့အသက် ၆၃ နှစ်သို့ ပြောင်းမယ်ဆိုတဲ့ ကောလာဟလတွေ ဟုတ် မဟုတ် မေးခွန်းကို ဖြေကြားရင်း ရာထူးဝန်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၀ အရ ၀န်ထမ်းအငြိမ်းစားယူရမယ့်ရက်ဟာ အဲ့ဒီဝန်ထမ်း အသက် ၆၀ ပြည့်တဲ့ရက်လို့ အတိအကျ ဖော်ပြထားတယ်လို့လဲ သူက ပြောပါတယ်။
မြန်မာပြည်မှာ လက်ရှိ ပင်စင်စားဝန်ထမ်းပေါင်း ၈ သောင်းကျော် ရှိပါတယ်။
