နိုင်ငံတော်ယန္တရားကြီး ရပ်တန့်မနေဘဲ ရှေ့ခရီးဆက်နေဟု ဦးခင်ရီပြော
DVB
·
July 25, 2014
[caption id="attachment_31386" align="alignright" width="300"] ဦးခင်ရီ[/caption]အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကို ၀န်ကြီးဌာနတွေက စွမ်းအားပြည့် ထောက်ကူပေးထားပြီး နိုင်ငံတော်ယန္တရားကြီး ရပ်တန့်မနေဘဲ ရှေ့ခရီးဆက်နေပါတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၄ ရက်က ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို နိုင်ငံခြားသံတမန် အဖွဲ့အစည်းတွေထံ ရှင်းလင်းတင်ပြတဲ့ပွဲမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ရှင်းလင်းပွဲတက်ရောက်ခဲ့တဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကလည်း မိမိတို့နိုင်ငံသားတွေ အကျိုးအတွက် အတ္တမာနတွေလျှော့ချကြမှ ဒီမိုကရေစီနိုင်ငံကို ညင်ညင်သာသာရောက်နိုင်မယ်လို့ ပြောသွားပါတယ်။