A d v e r t i s e m e n t With Us

ပျောက်ဆုံး အယ်လ်ဂျီးရီးယားလေယာဉ်၏ အပျက်အစီးကို ပြန်တွေ့

ဓာတ်ပုံ - ရိုက်တာ
[caption id="attachment_60983" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]ဇူလိုင် ၂၄ ရက်နေ့က ပျောက်သွားတဲ့ အယ်လ်ဂျီးရီးယားလေယာဉ်ကို မာလီနိုင်ငံ ပိုင်နက်ထဲမှာ ပျက်ကျထားတဲ့ လေယာဉ်အပိုင်းအစတွေ ရှာတွေ့ပြီလို့ အနောက်အာဖရိက ကုန်းပိတ်နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂီလ်ဘာ့ဒ် ဒီအန်ဒေရေက ပြောပါတယ်။ လေယာဉ်ကို မာလီနိုင်ငံ ဂေါင်မြို့ရဲ့တောင်ပိုင်းမှာ ရှာတွေ့တာလို့ သူက ဆက်ပြော ပါတယ်။ လေယာဉ်ပေါ်မှာ စုစုပေါင်း လူ ၁၁၆ ဦးပါပြီး ပြင်သစ်နိုင်ငံသား ၅၁ ဦးနဲ့ ဘာကီနာဖာဆို နိုင်ငံသား ၂၈ ဦး ပါဝင်ပါတယ်။ ရှာဖွေရေးအဖွဲ့က မီးလောင်ပြီး အပိုင်းပိုင်း အစစ ဖြစ်နေတဲ့ လေယာဉ်ပျက်ကို တွေ့ခဲ့တာဖြစ်ပြီး ရှင်သန်ကျန်ရစ်သူ ဘယ်သူ့ကိုမှ မတွေ့သေးဘူးလို့ ဆိုပါတယ်။ ရှာတွေ့ပြီးချိန်မှာ ညမှောင်လာလို့ ဒေသခံတွေက တယောက်ယောက်ကို ကယ်ထား မထားလည်း စုံစမ်းစစ်ဆေးမှု မလုပ်နိုင်သေးဘူးလို့ ပြောပါတယ်။ မာလီဆက်သွယ်ရေးဝန်ကြီးကတော့ ဒီမတော်တဆမှုဟာ တိုင်းပြည်ရဲ့ လေကြောင်းသမိုင်းမှာ အကြီးဆုံး ကပ်ဘေးလို့ ပြောပါတယ်။ မာလီသမ္မတကတော့ ဒီနေ့မနက် ၆ နာရီကစပြီး ၂ ရက်တိတိ ၀မ်းနည်းခြင်းနေ့အဖြစ် ကြေညာထားပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လေယာဉ်ဟာ ပျံတက်ပြီး မကြာခင် လေယာဉ်မှူးက မုန်တိုင်းကြောင့် လမ်းကြောင်းပြောင်းဖို့ ခွင့်တောင်းခဲ့လို့ ဆိုးရွားတဲ့ မိုးလေ၀သနဲ့ တွေ့ခဲ့တာ ဖြစ်မယ်လို့ အာဏာပိုင်တွေက ယုံကြည်ကြောင်း ပြောပါတယ်။ မာလီသမ္မတကတော့ လေယာဉ်ဟာ မာလီနဲ့ အယ်လ်ဂျီးရီးယားနယ်စပ်နား ကီဒယ်လ်မြို့နဲ့ အာဂေလာ့ခ် မြို့ကြားမှာ ပျက်ကျတာလို့ ပြောပါတယ်။ ဒါပေမယ့် ဘာကီနာဖာဆို ရှာဖွေရေးအဖွဲ့ထဲက ဗိုလ်ချုပ် ဂီလ်ဘာ့တ်ကတော့ မာလီနဲ့ ဘာကီနာဖာဆို ၂ နိုင်ငံနယ်စပ်ကနေ ကီလို ၅၀ အကွာမှာ ပျက်ကျတာ ဖြစ်ကြောင်း ပြောပါတယ်။ မာလီသမ္မတဟာ ဒီနေ့ လေယာဉ်ပျက်ကျရာနေရာကို သွားရောက်စစ်ဆေးမှာ ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း မာလီအစိုးရက ဦးဆောင်မယ်လို့ မာလီသယ်ယူပို့ဆောင်ရေး ၀န်ကြီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up