ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောခွင့်ရ ဦးအောင်မြင့်နှင့် ဆက်သွယ် မေးမြန်းချက်
အေးနိုင်
·
July 24, 2014
လက်ရှိကေအိုင်အိုဌာနချုပ်မှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ စုံညီ အစည်းအဝေးမှာ မတက်ရောက်တာဟာ ဖိတ်စာလက်ခံရရှိတာ အချိန်ကပ်လွန်းသလို တပြည်လုံး အပစ်ရပ်သဘောတူညီချက် ဒုတိယမူကြမ်းကို အသေးစိတ် မလေ့လာရသေးလို့ ဖြစ်တယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက ပြောပါတယ်။
သူတို့ပါတီအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုလားကြောင်းနဲ့ ဖက်ဒရယ်တပ်မတော်ကိုတော့ အချိန်ယူတည်ဆောက်ဖို့လိုအပ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။ ဒီဗွီဘီသတင်းထောက်ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။