ပစ်ချခံ မလေးရှားလေယာဉ်မှ အလောင်းများ ပထမအသုတ် နယ်သာလန်ကို ရောက်ရှိ

853
ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်မှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေ ပထမဆုံးအသုတ်အဖြစ် ဇူလိုင် ၂၃ ရက်နေ့က နယ်သာလန်နိုင်ငံ၊ အိုင်ဟိုဗင် Eindhoven မြို့လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။
[caption id="attachment_60920" align="alignright" width="300"]
ဓာတ်ပုံ - AFP[/caption]
ပထမအသုတ်အဖြစ် ရောက်ရှိလာတဲ့ ရုပ်အလောင်း ၄၀ ကို အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး နယ်သာလန်ဘုရင် နဲ့ ၀န်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
သေဆုံးသွားခဲ့ကြတဲ့ အခြားနိုင်ငံက ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေလည်း လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။
ရောက်ရှိလာတဲ့ ရုပ်အလောင်းတွေအားလုံးကို နယ်သာလန်နိုင်ငံမှာ စီစ်ခွဲခြားမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
လေယာဉ်မှတ်တမ်းသေတ္တာတွေကိုတော့ ဗြိတိန်နိုင်ငံမှာ ကျွမ်းကျင်သူတွေနဲ့ စစ်ဆေးမှာဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူတွေရဲ့ ၃ ချိုး ၂ ချိုးဟာ နယ်သာလန်နိုင်ငံက ဖြစ်ပါတယ်။
လူထုစစ်တမ်းတွေအရ နယ်သာလန်နိုင်ငံသားအများစုဟာ သူတို့နိုင်ငံရဲ့ စီးပွားရေးထိခိုက်ရင် ထိခိုက်ပါစေ၊ ရုရှားနိုင်ငံကို ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်စေလိုတယ်လို့ သိရပါတယ်။
