A d v e r t i s e m e n t With Us

ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ကို ရီရဲလ်မက်ဒရစ်က ခေါ်ယူ

စပိန်လာလီဂါကလပ် ရီရဲလ်မက်ဒရစ်က ကိုလံဘီယာ ကွင်းလယ်သမား ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ကို ပေါင် ၇၁ သန်းနဲ့ ခေါ်ယူ လက်မှတ် ထိုးလိုက်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ကို မိုနာကိုအသင်းကနေ ၆ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ 10561700_10152542376122305_581023378446894799_nသူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ် ဆုကို ရရှိထားပါတယ်။ ရီရဲလ်က အသစ်ခေါ်ယူးထားတဲ့ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ကို ဘာနေဗျုးကွင်းမှာ မနေ့က မိတ်ဆက်ပွဲပါ ပြုလုပ်ပေးသွားပြီး ပရိသတ်တွေ ထောင်နဲ့ချီ တက်ရောက် ခဲ့ပါတယ်။ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ရဲ့ ပြောင်းရွေ့ကြေးဟာ ဂါရတ် ဘေးလ်၊ ရော်နယ်ဒိုနဲ့ ဆွာရက်ပြီးရင် စတုတ္ထမြောက် ကမ္ဘာ့ဈေးအကြီးဆုံး အပြောင်းအရွှေ့လည်း ဖြစ်ပါတယ်။ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်က “ကျနော့်ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာလို့ အရမ်းပျော်ပါတယ်။ ဒီမှာ ဆုဖလားတွေ အများကြီး ရယူပေးပြီး ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ဒီရာသီမှာ ဂျာမန် တောင်ပံသမား တိုနီ ကာရူးစ်ပြီးရင် ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ဟာ ရီရဲလ်ကနေ ဒုတိယမြောက် ခေါ်ယူခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်က “ပြောစရာ စကားတောင် မရှိပါဘူး။ ဘာမှ ပြောစရာ မရှိလောက်အောင် ဖြစ်ရပါတယ်။ ခုလို ဖြစ်လာဖို့ အမြဲအိမ်မက်ခဲ့ရတာပါ။ ကျနော့်ရဲ့ ဆန္ဒတွေ အဆုံးမသတ် သေးပါဘူး။ ကျနော့် အိပ်မက်က အမြဲတမ်း အနိုင်ရဖို့ပါ။ နှစ်ပေါင်းများစွာအထိ ဒီမှာနေပြီး အနိုင်ရချင်ပါတယ်။ အသင်းကလည်း အောင်မြင်တဲ့ အသင်းဖြစ်သလို ကျနော်ကလည်း အနိုင်ရသူပါ” လို့ ပြောပါတယ်။ ရီရဲလ်ကို ဂျိမ်းစ် ရိုဒရီဂွတ်ဇ် ရာက်လာတဲ့အတွက် အာဂျင်းတီးနား ကွင်းလယ်သမား ဒီမာရီယာအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အခြေအနေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်တာတွေ လည်း ရှိနေပါတယ်။ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ဟာ ကစားသမားဘ၀ကို အသက် ၁၆ နှစ်အရွယ်မှာ ဇာတိမြေက ကလပ် အန်ဗီဂါးဒိုးမှာ စတင်ခဲ့ပြီးမှာ အာဂျင်တီးနားကလပ် ဘန်းစ်ဖီးလ်ကို ၂၀၀၉ မှာ ရောက်ရှိခဲ့တာပါ။ နောက်တနှစ်မှာ ပေါ်တိုကို ရောက်ရှိပြီး ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိခဲ့ပြီး အသင်းကို ၃ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။ ပေါ်တိုကနေ ပြီးခဲ့တဲ့ ရာသီမှာ မိုနာကိုက ပေါင် ၃၈သန်းကျော်နဲ့ ခေါ်ယူခဲ့တာပါ။ ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ဟာ အသင်းသစ် ရီရဲလ်မှာ ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒို၊ ဂါရတ် ဘေးလ်တို့နဲ့အတူ တွဲဖက် ကစားခွင့်ရ တော့မှာပါ။

A d v e r t i s e m e n t With Us

More News
Up